Part. 8

1K 18 0
                                    

Part. 8

"ပြီးတော့... မောင်တို့နှစ်ယောက် ဆွဲကြိုးလေး
ဆင်တူဝတ်ရအောင်နော်
သဲပဲ ရွေးလိုက်တော့....

"တူတူ ရွေးရအောင်လေ မောင်...
မောင်က M လို့ရေးထားတဲ့ လော့ကတ်သီးလေးပါတာ ယူလိုက်နော် လှတယ်

ချစ်သဲပို မောင့်ရင်ညွန့်မှာ ကပ်ကြည့်လိုက်တော့....

" မောင်နဲ့ အရမ်းလိုက်တယ်နော်..

" ဒါဆို သဲအတွက်က မောင်ရွေးပေးမယ်
T ပါတာကြိုက်လား C ပါတာ ကြိုက်လား သဲ

" T ကျတော့ တစ်မျိုးကြီးဖြစ်နေတယ် မောင်
C ပဲ ရွေးလိုက်မယ်လေ ဘာသာရေး
အမြင်နဲ့ကြည့်ရင် ဗုဒ္ဓဘာသာမှန်း
တန်းသိတာပေါ့

" ဟုတ်ပြီ... သဲ
ဟန်းချိန်းလည်း နစ်ခု ဝယ်ရအောင်နော်
တစ်ခုက သဲအတွက်
တစ်ခုက သမီးလေးမွေးလာရင် ပေးဖို့...

"သားလေးဖြစ်နေရင်ရော.... မောင်....

"သားလေးဖြစ်တော့လည်း သဲ..ရယ်...
သားလေးကြီးလာရင် သူ့ကောင်မလေးကို
ပေးလိမ့်မယ်ပေါ့...

" မောင့်စီမံကိန်းကြီးကလည်း.....

" သြော်... သဲ မောင် မေ့တော့မလို့
နောက်နေ့... သန့်ဇင်ဟိန်းနဲ့ မေသူဇော်တို့ရဲ့
သမီးလေး ၂ နှစ်ပြည့် မွေးနေ့တဲ့
အဲတာ မောင်တို့ သွားကြရအောင်နော်
ကတိုက်ကရိုက် စီစဥ်ရတာမို့တဲ့
သူငယ်ချင်း အရင်းကြီးတွေကိုပဲ ဖိတ်ထားတာတဲ့....

"အင်း သွားမယ်လေ မောင်...
သဲလည်း မေသူဇော်နဲ့ ချစ်ဖို့ကောင်းတဲ့
မီးမီးလေးကို မတွေ့ရတာ ကြာနေပြီ

သန့်ဇင်ဟိန်းက သီဟကိုကိုရဲ့ သူငယ်ချင်းဖြစ်ပြီး မေသူဇော်က ချစ်သဲပိုရဲ့ သူငယ်ချင်းဖြစ်သည် သူတို့နှစ်ယောက်စလုံးက
ဆရာဝန်တွေဖြစ်ကြပြီး
မိဘတွေ သဘောမတူတဲ့အတွက်
ကိုယ်ထူကိုယ်ထစနစ်နဲ့ ရုန်းကန်လှုပ်ရှားကြရင်း မင်္ဂလာသက်တမ်း ၁ နှစ်ကျော်မှ
ကလေးယူခဲ့တာဖြစ်ပြီး ခု သူတို့
မင်္ဂလာသက်တမ်း ၃ နှစ်ကျော်မှာ
သမီးလေး ၂ နှစ်ပြည့်မွေးနေ့လေး
လုပ်ပေးခြင်းဖြစ်သည်....

" သဲ ဘယ်သွားချင်သေးလဲ...

"အိမ်ပဲ ပြန်ရအောင်လေ မောင်...
ဒီနေ့ ထွေးထွေးကို မောင်ကြိုက်တဲ့ဟင်းတွေ
ရွေးပြီး ချက်ခိုင်းထားတယ်
ဟင်းချိုတော့ သဲ ချက်ကျွေးမယ်
ဆူးပုတ်လေးကို ရေသောက်စမ်းလေး
တောချက်ပေါ့မောင်ရယ်....
ထမင်းစားခါနီးမှ သဲကိုယ်တိုင်ချက်ဖို့
စီစဥ်ထားတယ်... ပူပူလေးသောက်ရအောင်လို့...

ညဘက်ရောက်တော့.....

"မောင်.... ရုံးပိတ်ရက်
နက်ဖြန် မိဘတွေအိမ် သွားကြရအောင်နော် ဒယ်ဒီနဲ့မာမီဆီ အရင်သွားမယ်
ပြီးရင် မောင်တို့အိမ်သွားမယ်
အဲဒီကနေ မွေးနေ့ပွဲသွားမှာမို့
ပွဲတက်ဖို့ အဝတ်အစားပို တစ်ခါထဲ
ကားထဲထည့်သွားရအောင်နော်....

သီဟကိုကို ချစ်ဇနီးလေးကို
အသည်းယားလာလို့ သဲ ရဲ့ ပါးနှစ်ဖက်ကို
ဘာမပြောညာမပြောနဲ့ ​ဖျစ်ညှစ်လိုက်ရင်း
......

" အား.... ဘာလုပ်တာလဲ မောင်...
သဲ နာတယ်နော်...

" နာသွားလား... မောင် သဲကိုကြည့်ရင်း
အသည်းယားလာလို့... ဘွာတေး ဘွာတေး...
အင်း.... 😘 သဲ...ပါးလေးက မွှေးနေတာပဲ
ဒါက အကြွေးပြန်ဆပ်တာနော်....
မကျေနပ်ရင် မောင့်ကို ပြန်ပေးလို့ရတယ်

"မောင်... နော်.... နစ်နာနေဦးမယ် ဟွန့်....

"ဟဲ ဟဲ... သဲက အရမ်းကိုစေ့စပ်သေချာတာပဲ သိလား
ဒီဘဝမှာ သဲနဲ့ ခုလို ဘဝတစ်ခု အတူတူ
တည်ဆောက်ခွင့်ရတာ...
မောင် အရမ်းကိုကံကောင်းတာပဲ
မောင့်ဘဝထဲကို ဝင်လာပေးတဲ့အတွက်
ကျေးဇူးအများကြီးတင်ပါတယ်နော် သဲ...
ပြီးတော့... မောင် သဲကို အရမ်းချစ်တယ်နော်..

ချစ်သဲပို မောင့်ရင်ခွင်ထဲ တိုးဝင်လိုက်ရင်း

" သဲလည်း မောင့်ကို အရမ်းချစ်ပါတယ်
မောင်...ရယ်...

အဲဒီလိုနဲ့ သီဟကိုကိုနဲဲ့ ချစ်သဲပိုတို့
တူနှစ်ကိုယ်ညလေး တကယ်ကို လှပခဲ့ပါတယ်....
....................
.........................

🔐 ဝါသနာရှင်အဆင့်လေးမို့
စာရေးတဲ့နေရာမှာ လိုအပ်ချက်တွေ
ရှိကောင်းရှိနိုင်ပါတယ် နားလည်မှုနဲ့
ပြင်ဖတ်ပေးကြပါလို့.....
ပြီးတော့ စာရေးသူရဲ့ ပထမဦးဆုံး
တစ်ကယ်ချစ်ခဲ့မိပါတယ် ဆိုတဲ့
Fci လေးကိုလည်း ဝင်ဖတ်ပေးကြပါဦး
အောင်မြင်ခြင်း ဆိုတဲ့ ကဗျာလေးတွေကိုလည်း ဝင်ဖတ်ပေးကြပါဦး....
ဒါက တတိယမြောက် ရေဆဲ ရေးတ္တံ့
ဖြစ်ပါတယ်...

သံယောဇဥ် ( Gl&Bl&Normal)(Completed)                        Where stories live. Discover now