Part.24

1.1K 54 0
                                    

Part.24

~~~ အသဲရဲ့ ဒိုင်ယာရီ ကိုကို အချစ်ဦး~~
တအားချစ်တာ ရင်တွေခုန်ရလွန်းလို့...
~~~ ကိုကို အချစ်ဦးနဲ့ ထာဝစဥ်
အသဲ အသက်နဲ့ ဆက်လို့ ချစ်ကြမယ်
အလွမ်းများ ဝေးပါစေကွယ်~~~

လဝန်းအက္ခရာ၏ Phone ringtone
မြည်သံ ဖြစ်ပါသည် ဒါနဲ့ဆိုရင်
ကိုကို ဖုန်းခေါ်နေတာ ၅ ကြိမ်မြောက်ဖြစ်သည်....
ညဘက် ဧည့်ခန်းထဲမှာ
လူစုံတက်စုံ Tv ကလာတဲ့ ဇာတ်လမ်းတွဲကို
စိတ်ဝင်တစားနဲ့ ကြည့်နေကြချိန်ဖြစ်တာကြောင့် လဝန်းအက္ခရာ စုတ်တစ်ချက်သတ်လိုက်သည် ချစ်သဲပို
လှမ်းကြည့်နေတာကြောင့် ဖုန်းကိုကိုင်ပြီး
ကိုယ့်အခန်းထဲကို ဝင်ခဲ့လိုက်တော့သည်

" ဟဲလို... လဝန်းလေး... နားထောင်နေလား...
ကိုကို တောင်းပန်...

" လဝန်းအခု အလုပ်တွေ အရမ်းရှုပ်နေလို့
အရေးမကြီးရင် နောက်မှ ပြန်ဆက်လိုက်ပါ

လဝန်း ကိုကို့ကို စိတ်နာနာနဲ့ ထိုသို့ ပြောပြီး
ဖုန်းချလိုက်တော့သည်...

ဒီဘက်မှာလည်း ထက်ဝေအောင်တစ်ယောက် လိပ်စာကဒ်တစ်ခုကိုင်ပြီး
ဖုန်းဆက်ရကောင်းနိုး ချီတုံချတုံ ဖြစ်နေဆဲ...
မထူးတော့ပါဘူးလေ ဆိုပြီး
ဖုန်းနံပါတ်တစ်ခုကို လက်ကအလိုလို နှိပ်လိုက်သည်...

" ဟဲလို...
မင်းခန့်သော်ဇင် ပြောနေပါတယ်...

ဟိုဘက်က မင်းခန့်သော်ဇင် အသံ ကြားတာနဲ့
ထက်ဝေအောင်တစ်ယောက် မနက်က
အဖြစ်အပျက်တွေကို ပြန်မြင်ယောင်မိရင်း
​ဘာပြန်ပြောရမှန်းမသိ
အိုးတိုးအန်းတန်းကြီး ဖြစ်သွားသည်

" ဟဲလို ဘယ်သူလဲကွ ဖုန်းခေါ်ရင်လည်း
စကားတော့ ပြောမှပေါ့

မင်းခန့်သော်ဇင် နဂိုကတည်းက စိတ်ကမကြည်နေတာမို့ တဖက်လူကို ပိတ်ဟောက်လိုက်သည်...

" ဟဲလို အစ်ကို... ညီပါ...

" ဘယ်က ညီလဲကွ..?

" ညီ... ထက်ဝေအောင်ပါ အစ်ကို...

မင်းခန့်သော်ဇင် စိတ်တိုတိုနဲ့ အော်ချင်သလို
အော်ပြီးမှ ထက်ဝေအောင်ကို တော်တော်လေး အားနာသွားခဲ့ရပါသည်။

သံယောဇဥ် ( Gl&Bl&Normal)(Completed)                        Where stories live. Discover now