Part.34

1.1K 39 0
                                    

Part.34

သဲ.. အိပ်ပျော်သွားတော့ လဝန်း မေမေတို့
အခန်းထဲ ဝင်လာခဲ့လိုက်တယ်
မေမေက မြေးနှစ်ယောက်နဲ့ အတူတူ
ကစားပေးနေပြီး ပြုံးလို့ ရွှင်လို့
မြင်လိုက်ရတဲ့ မြင်ကွင်းလေးက စိတ်ကြည်နူးချမ်းမြေ့စရာလေးမို့ လဝန်း
အခိုက်အတန့် ငေးကြည့်နေမိပြီး စိတ်ထဲမှာ
အလိုလို ဝမ်းသာပီတိ ဖြစ်မိပါတယ်
မိသားစုရဲ့ နွေးထွေးမှုဆိုတာ...
ဒီလို မြင်ကွင်းလေးကို ပြောတာ ဖြစ်ရမယ်...

" သြော်... သမီးကြီး လာလေ....
ဘာငေးကြည့်နေတာလဲ သမီးရဲ့...
မြေးလေးတွေက လိမ်မာလိုက်တာ သမီးရယ်... မေမေဖြင့် အိမ်တောင် ပြန်မလွှတ်ချင်တော့ဘူး...
ဘယ်လိုလဲ... သမီး... သမီးညီမလေးရော
သက်သာရဲ့လား..."

" သက်သာတယ် မေမေ... သဲ.. အိပ်ပျော်သွားလို့ သမီးဒီဘက်ခဏ ထွက်လာတာ..."

" အွန်း သမီးတို့ ဒီည ဒီမှာဘဲ အိပ်လိုက်ကြတော့ သမီးလေးလည်း နေမကောင်းဘူးဆိုတော့ ဒီနေ့ ပြန်မနေနဲ့တော့ မြေးနှစ်ယောက်စလုံးကို မေမေနဲ့ပဲ သိပ်လိုက်မယ်"

" ရရဲ့လား မေမေရဲ့ မေမေ ပင်ပန်းနေမှာပေါ့
နောက်နေ့လည်း ဆေးခန်းသွားရမှာ
မို့လား"

" ရပါတယ် သမီးရယ် မေမေ့အနေနဲ့
တစ်ရက်တစ်လေ
အပင်ပန်းခံရတာ ဘာမှ မဖြစ်ပါဘူး
ကလေးတွေ အဖျားကူးရင်သာ
ပင်ပန်းမှာ စိုးရိမ်ရတာ..."

လဝန်းကို မြင်တော့ သမီးငယ်လေးက
လက်လှမ်းပေးရင်း လဝန်းကို ချီစေချင်နေတဲ့
ပုံစံလေး လုပ်ပြပြီး

" မာ.... မား.... မာ... မား...."

" သမီးလေးရေ... သွန်း... လေး...
မာမားလို့ ခေါ်တယ်ပေါ့ ချစ်စရာလေး..."

လဝန်းက သမီးငယ်လေးကို ချီလိုက်ရင်း
အသည်းယားပြီး နမ်းလိုက်တော့... မီးမီးလေးက သူ့လက်သေးသေးလေးတွေနဲ့
လဝန်းခါးကို လာဖက်ပြီး...

" မာမား.. မီးမီးကိုလည်း အာဘွားပေးဦးလေ"

မီးမီးလေးရဲ့ အပြုအမူကြောင့် ဒေါ်လမင်းအက္ခရာရော လဝန်းပါ ပြုံးလိုက်ကြသည်

" အွန်း... ပေးရမှာပေါ့ ဟောဒီက မာမားရဲ့
အချစ်တုံးလေး မီးမီးလေးကိုရော...
မီးမီးလေးရဲ့ ဘေဘီပိစိလေးကိုရော...
😘😘😘😘😘...

သံယောဇဥ် ( Gl&Bl&Normal)(Completed)                        حيث تعيش القصص. اكتشف الآن