Part.10

1K 20 0
                                    

Part. 10

သီဟကိုကို နဲ့ သန့်ဇင်ဟိန်း သူငယ်ချင်းများက တစ်အုပ်စု ချစ်သဲပိုနဲ့ မေသူဇော်က
တစ်အုပ် စကားတွေ ပြောနေကြသည်

" မေသူဇော် နင့်မိဘတွေ မဆက်သွယ်လာဘူးလား... ကလေးတစ်ယောက်တောင်
ရနေပြီပဲဟာ...

"မဆက်သွယ်ပါဘူး ချစ်သဲပိုရယ်....
ဖေဖေနဲ့မေမေဘက်က မလွန်ပါဘူး
ငါကသာ ကိုယ့်သဘောနဲ့ကိုယ် လုပ်ချင်ရာ
လုပ်ခဲ့တဲ့သူပါ ခွင့်ရက်ရှည်ရတဲ့နေ့မှ
သမီးလေးကိုခေါ်ပြီး ဖေဖေနဲ့မေမေကို
သွားတောင်းပန်မယ်လို့ သန့်ဇင်နဲ့
တိုင်ပင်ထားပါတယ်....

"အေးပါ.... အဆင်ပြေပါစေဟာ....

ထိုစဥ်...

" Happy Birthday ပါ
သမီးလေး ခြူးရတီ...

" ကျေးဇူးပါရှင့် ဦးဦးထက်ဝေအောင်

ထက်ဝေအောင် ချစ်သဲပို ပေါင်ပေါ်ထိုင်နေတဲ့ သမီးလေးကို မွေးနေ့လက်ဆောင်လှမ်းပေးရင်း ချစ်သဲပိုနဲ့ အကြည့်ခြင်းဆုံတော့
ဒဏ်ရာတွေ အသစ်ပြန်ဖြစ်ခဲ့ရပါတယ်
အရက်သမားရုပ်လေး ပေါက်နေပြီမို့
လူက ညှင်းသိုးသိုးကြီး ဖြစ်လို့နေပါတော့တယ် ကိုယ် ဘယ်လို ခံစားခဲ့ရလဲ
ကိုယ်ပဲသိတယ်လေ....

ထက်ဝေအောင်ကို မြင်တာနဲ့ သီဟကိုကို
စကားပြောနေရာက ထလာပြီး....
ချစ်သဲပိုရဲ့လက်ကလေးကိုဆွဲလို့....

" သဲ... မောင်တို့ ပြန်ကြရအောင်နော်...

သူငယ်ချင်းတွေကလည်း အကြောင်းသိတွေမို့ ဘယ်သူမှ မတားကြတော့ပါဘူး...

" အင်းပါ... ပြန်ကြမယ်လေ... မောင်...

အဲဒီအချိန်မှာ သမီးလေးခြူးရတီက
မပြောမဆိုနဲ့ ထငိုပါတော့တယ်

သဲ သမီးလေးကို ချော့နေမိတယ်...

" ဘာလို့ ငိုနေတာလဲ မီးမီးလေး...

" အီး... ဟီး.. ဟီး.... တီတီ ပြန်နဲ့ဦး
မီးမီး တီတီသဲကို ချစ်တယ်လို့.....

" သြော်... မီးမီးရယ်... ဘာများဖြစ်တာလဲလို့
တီတီသဲလည်း မီးမီးကို ချစ်တယ်နော်
ဒီမှာ တီတီသဲကိုကြည့်... တီတီသဲရဲ့
ဗိုက်ထဲမှာလေ... မီးမီးအတွက်
ညီမလေးသေးသေးလေးရှိတယ် သိလား...
အဲဒီညီမလေးကလေ... မိုးအရမ်းချုပ်နေပြီမို့
အိပ်ချင်နေပြီတဲ့ အဲဒါကြောင့် တီတီသဲတို့
ပြန်မှဖြစ်တော့မှာမို့ပါ မငိုနဲ့တော့နော်...

ခြူးရတီ ချစ်သဲပိုရဲ့ ဗိုက်ကလေးကို
သူ့လက်သေးသေးလေးနဲ့ လာပွတ်ကြည့်ရင်း

" ဒီထဲက ညီမလေးက အိပ်ချင်နေပြီတဲ့လား
အဲဒါဆို တီတီသဲ မီးမီးဆီကို ခဏခဏ
လာလည်နော်.....

" အေးပါ မီးမီးလေးရယ်.... ဒါဆို
တီတီသဲတို့ သွားတော့မယ်နော်...

"ဟုတ်ကဲ့....

ဝိုင်းတွေကို မုန့်ကူချပေးနေတဲ့
ထွေးထွေးတစ်ယောက်လည်း အရိပ်အခြေကြည့်ပြီး မမလေးတို့ထလာတာမြင်တာနဲ့
သူပါ လိုက်ထွက်လာခဲ့လိုက်ပါတော့တယ်.....

ကားပေါ်ရောက်တော့ သဲ မောင့်မျက်နှာလေးကို လှမ်းကြည့်မိပါတယ်...
သဲကို တစ်ဖက်သတ်လိုက်ကြိုက်နေတဲ့သူကို
မြင်လိုက်ရတော့ မောင် စိတ်ရှုပ်သွားတယ်ထင်ပါရဲ့.....
..............................
...............................

လဝန်းအက္ခရာ ၏ ဖိတ်ကြားချက်အရ
ရှယ်ရာရှင်များအားလုံး ဆိုက်ထဲရောက်နေကြခြင်း ဖြစ်ပါသည်။

" ဒါက အိမ်သာနဲ့ရေချိုးခန်းတွေမှာ သုံးဖို့
ကြွေပြားတွေပါ အဖြူရောင်ပဲ သုံးထားတယ်နော်.... ဒါကတော့ လျှောက်လမ်းနဲ့ အခန်းထဲတွေမှာသုံးဖို့က မိုးပြာရောင်...
ဆေးကိုလည်း မိုးပြာရောင်သုံးမယ်
ခန်းစီးနဲ့လိုက်ကာ ဘာရောင်ကြိုက်ကြလဲ

ရှယ်ရာရှင်တွေအားလုံး တစ်ယောက်ကို
တစ်ယောက်ကြည့်လိုက်ကြရင်း...
အကြီးဆုံးတစ်ယောက်က လှမ်းပြောတယ်
သမီးသဘောပါပဲ အန်ကယ်တို့အားလုံး
အဆင်ပြေပါတယ်....

" မမ ဘာအရောင် စဥ်းစားထားလဲ...?

ချစ်သဲပို လှမ်းမေးလိုက်ခြင်းဖြစ်သည်

လဝန်းအက္ခရာ ချစ်သဲပိုကို တစ်ချက်
လှမ်းကြည့်လိုက်ရင်း...

" တို့ စဥ်စားထားတာက မိုးပြာရောင်ပဲ

" အဆင်ပြေပါတယ်မမ...

အားလုံး လိုက်လံလှည့်ပတ်ကြည့်ပြီးသွားတော့ ကိုယ်စီကိုယ်စီ ကိုယ့်ကားနဲ့ကိုယ်
ပြန်ခဲ့ကြသည်

ကုမ္ပဏီရောက်တော့ စားပွဲပေါ်အဆင်သင့်ရောက်နေတဲ့ သံပရာရည်တစ်ခွက်
သောက်ချလိုက်ရင်း ခဏမှိန်းနေလိုက်မိတယ် ကိုယ်ဝန်နဲ့မို့လား မသိ
အရင်လို သိပ်ပြီး အပင်ပန်းမခံနိုင်တော့ဘူး

၁၀ မိနစ်လောက်ကြာတော့ ခေါင်းနည်းနည်း
ကြည်သွားပြီမို့ ဝယ်ထားတဲ့ မြေကွက်စာရင်းတွေ ထိုင်လုပ်နေမိတယ်...

မမလဝန်းအက္ခရာလို ထက်မြတ်တဲ့
မိန်းမတစ်ယောက် ဖြစ်ချင်မိပါတယ်...။ ။

သံယောဇဥ် ( Gl&Bl&Normal)(Completed)                        Where stories live. Discover now