Part. 12

1K 28 0
                                    

Part.12

အနွေးထည်မပါရင် ခိုက်ခိုက်တုန်အောင်
ချမ်းနေဆဲ ဇန်နဝါရီလရဲ့ နံနက်ခင်းလေး
မောင့်အတွက် အဝတ်အစားအိတ်ပြင်ပေးပြီး
ကုမ္ပဏီသွားဖို့ မှန်တင်ခုံရှေ့ထိုင်လို့ မျက်နှာမှာ နို့ရည်လေး ပါးပါးလိမ်းလိုက်သည်
အရောင်ဖျော့ဖျော့ နှုတ်ခမ်းနီလေး
ပါးပါးဆိုးလိုက်သည်
မောင် ရေချိုးခန်းထဲကထွက်လာတော့
သဲ အလှပြင်ပြီးနေပါပြီ...

သီဟကိုကို ချစ်ဇနီးလေးပါးကို
ဖွဖွနမ်းလိုက်သည်...

" မောင် သဲနဲ့ မခွဲချင်ဘူး...

သဲ မှန်တင်ခုံရှေ့က ခုံလေးပေါ်ကနေ
မတ်တတ်ထရပ်လိုက်ရင်း မောင် နဲ့
မျက်နှာချင်းဆိုင်ရပ်လို့ မောင့်ကို
ဖက်ထားလိုက်သည်

"တစ်ညအိပ်ခရီးလေးပဲ မောင်...ရယ်
သီးခံပြီးသွားလိုက်ပါနော်...

သဲ မောင့်ကို နှစ်သိမ့်လိုက်ရင်း....
နီးစပ်သွားတဲ့ပါးလေးများ
ထိကပ်သွားတဲ့ အနမ်းလေးများ
စိုစွတ်သွားတဲ့ နှုတ်ခမ်းလေးများနှင့်
ထပ်တူကျသွားတဲ့ ခံစားမှုများ....

တီ.... တီ... တီ...

"သန့်ဇင်ဟိန်းတို့ လာခေါ်ပြီထင်တယ်
သဲ မောင်သွားတော့မယ်နော်
ကိုယ်ဝန်ကို ဂရုစိုက်နော်... သဲ...
ကုမ္ပဏီသွားရင် ကားဖြည်းဖြည်းမောင်းနော်

" အင်းပါ မောင်ရယ်....
သဲ ကို စိတ်ချနော်....

သဲ မောင့်ကို ကားနားထိလိုက်ပို့လိုက်တယ်...

" သဲ... ငါတို့သွားပြီနော်.... သမီးလေးကို
ဖုန်းဆက်ပေးဦးနော် ငါတို့မရှိတုန်း
သူပျင်းနေမှာစိုးလို့...

" အင်း ပါ မေရယ်... ငါဆက်လိုက်ပါ့မယ်..

" အွန်း... သွားပြီနော် တာ့ တာ
သဲ မောင်သွားပြီနော်... တာ့. တာ့....

မောင်တို့ ကားလေးထွက်သွားတော့
သဲလည်း ကုမ္ပဏီထွက်ခဲ့လိုက်တယ်
ဒီနေ့ မောင့်သူငယ်ချင်းနဲ့ချိန်းထားတယ်
အိမ်ဆောက်ဖို့ကိစ္စ.... တိုင်ပင်ရဦးမယ်။

ဒေါ်လမင်းအက္ခရာ သမီးဖြစ်သူထံ
ဖုန်းဆက်လိုက်သည် လက်တွေလည်း
တုန်နေပြီ..

သံယောဇဥ် ( Gl&Bl&Normal)(Completed)                        Where stories live. Discover now