Part.36

1K 46 0
                                    

Part.36

လဝန်းအက္ခရာ တစ်ညလုံး အဖက်ခံထားရတော့ ခါးလေးလည်း ညောင်းလို့နေခဲ့ပြီ
ချစ်သဲပို တစ်ချက်တွန့်လိုက်တော့..
လဝန်း သဲရဲ့ နဖူးလေးကို ညင်သာစွာ
စမ်းကြည့်လိုက်သည် အဖျားမရှိတော့ပါ
ကိုယ့်ရင်ခွင်ထဲကို မညှာမတာ ဇွတ်ဝင်ထားပြီး ကိုယ့်ခါးကိုလည်း အတင်းဖက်လို့
နှုတ်ခမ်းလေး စူပြီး အိပ်မောကျနေတဲ့
ကောင်မလေးကို လဝန်း တစ်စိမ့်စိမ့်ကြည့်နေရင်း တစ်သိမ့်သိမ့်ခုန်နေတဲ့ ရင်ခုန်သံတွေကို
ထိန်းချုပ်လို့ နှုတ်ခမ်းစူစူလေးဆီကနေ
အကြည့်လွှဲလိုက်ပြီး နဖူးလေးကို
ညှင်သာစွာ ငို့နမ်းလိုက်မိသည်
အင်း မနေ့က တစ်နေကုန် နေမကောင်း
ဖြစ်ထားတာဆိုတော့ နဖူးလေးက မွှေးမနေဘဲ ချွေးနံ့လေးတွေ သင်းပျံ့လို့နေသည်
လဝန်း အိပ်ရာမှထလို့ ရေချိုးခန်းထဲဝင်ခဲ့လိုက်သည်... အိပ်ပျော်ချင်ဟန်ဆောင်နေတဲ့
တစ်ချို့ တစ်ချို့တွေကတော့ ကြိတ်ပြီး
ပြုံးနေလို့ပေါ့

မမရေချိုးခန်းထဲ ဝင်သွားတာနဲ့
သဲ အိပ်ရာက ထလိုက်ပြီး စောင်တွေခေါက်လို့ အိပ်ရာခင်းတွေကို သပ်သပ်ရပ်ရပ်
ပြန်လည် ဆွဲ့ဖြန့်ထားလိုက်သည်

လဝန်းအက္ခရာ ရေးချိုးပြီး ထွက်လာတော့

" ဟာ... အခန်းက သန့်ရှင်းနေလို့ပါလား ...?
သဲရယ်... နေကောင်းတာလည်း မဟုတ်ပဲနဲ့
နားနားနေနေကို မနေဘူး..."

" သဲ နေကောင်းပါပြီ မမရဲ့"

သဲပြောပြီး ရေချိုးခန်းထဲ ဝင်သွားသည်
ရေချိုးခန်းထဲမှာ အဆင်သင့်တွေ့ရတဲ့
သွားတိုက်တံနဲ့ သွားတိုက်လိုက်ပြီး
လူက ညီးစီစီဖြစ်နေတာနဲ့ ရေပါတစ်ခါတည်း
ချိုးချလိုက်သည် ရေချိုးပြီးသွားတော့..
ဟိုက်... သေပြီ တဘက်ပါမလာခဲ့ဘူး

" မမ... မမအပြင်မှာ ရှိလား..."

" အွန်း ရှိတယ်လေ"

" သဲကိုလေ... တဘက်လေး တစ်ချက်လောက်ပါ မမ..."

လဝန်း အလှပြင်နေရာမှ ထပြီး
တဘက်ယူပေးလိုက်သည်
ချစ်သဲပို တံခါးလေးကို သေးသေးလေး
ဖွင့်ထားပြီး မမကို မျှော်နေသည်
မမက တဘက်လှမ်းပေးတော့
သဲ လှမ်းယူလိုက်ပြီး တံခါးမြန်မြန်ပိတ်လိုက်သည် တဘက်လေးပတ်ပြီး အပြင်ထွက်လာတော့...

သံယောဇဥ် ( Gl&Bl&Normal)(Completed)                        Where stories live. Discover now