Part.6

1.1K 30 0
                                    

Part.6

ချစ်သဲပို အလုပ်ထဲရောက်ရင်တော့
အရွယ်နဲ့မလိုက်အောင် ခပ်တည်တည်နေပြီး
ရဲရင့်ပြတ်သားစွာ ဆုံးဖြတ်ချက်ချတတ်သူတစ်ယောက်ပါ....

" လူစုံပြီလား မပြည့်....

" တစ်ယောက်ကျန်ပါသေးတယ် မမလေး

ဒယ်ဒီလက်ထက်ကတည်းက အလုပ်လုပ်လာတဲ့ မန်နေဂျာမို့ သဲအနေနဲ့ မပြည့်စုံရှင်ကို
အစစအရာရာ ယုံကြည်စိတ်ချရပါသည်

တွေ့စုံရမယ့်အကြောင်းအရာသာ
သဲအနေနဲ့ သိထားပြီး
တွေ့စုံရမယ့် ရှယ်ရာရှင် စာရင်းတွေကိုတော့
ပြည့်ကသာ စီစဥ်ထားခြင်းဖြစ်သည်

၈ နာရီတိတိမှာ အစည်းအဝေးခန်းမထဲ
အနီးရောင်ဝမ်းဆက်နဲ့ ကိုယ့်ကိုယ်ကို
ယုံကြည်မှုအပြည့်နဲ ဝင်လာသူကတော့...

" ကျွန်မ နည်းနည်းများ နောက်ကျသွားသလား....?

" ရှယ်ရာရှင်တွေနှင့်အတူ အံ့သြမှင်သက်စွာ
ငေးကြည့်နေမိသူကတော့ ချစ်သဲပို ကိုယ်တိုင်ပါပဲ....

"နောက်မကျပါဘူး အချိန်အတိအကျပါပဲရှင့်

မန်နေဂျာ ပြည့်စုံရှင်မှ ထဖြေခြင်းဖြစ်သည်

သဲတို့ကုမ္ပဏီက ဝယ်ထားတဲ့မြေကွက်ကို
စီမံကိန်းဟော်တယ်ကြီးဆောက်ဖို့
တာဝန်ယူထားတဲ့အဂျင်နီယာနဲ့ဒီဇိုင်နာ
တစ်ယောက်တည်းဆိုတာ မမလဝန်းအက္ခရာ
များလား....?

" ကျွန်မကတော့ ဒီကုမ္ပဏီရဲ့
ရှယ်ရာ​ အများဆုံးပိုင်တဲ့
ဦးသူရကိုကို ရဲ့
သမီးကြီးဖြစ်သလို...
ဟော်တယ်စီမံကိန်းအတွက် ရွေးချယ်ကမ်းလှမ်းခံထားရ တဲ့ အင်ဂျင်နီယာ နဲ့
ဒီဇိုင်နာလည်း ဖြစ်ပါတယ်
ဒီနေ့ကစပြီး ဖေဖေ့နေရာမှာ ကျွန်မကိုယ်စား
ပါဝင်မှာဖြစ်သလို ကျွန်မဆွဲထားတဲ့
ဒီဇိုင်းကိုလည်း လူကြီးမင်းတို့ကိုပြပြီး
ရှင်းပြစရာလေးရှိလို့ပါ...

လဝန်းအက္ခရာ မာန်အပြည့်နဲ့
သူမဆွဲထားတဲ့ ဟော်တယ် ဒီဇိုင်းအကြောင်း
သေချာလေး ရှင်းပြပေးနေပါတယ်

အားရကျေနပ်လောက်တာမို့....

"အကြံပြုချက် ပေးချင်တဲ့သူများ ရှိပါသလား....

သံယောဇဥ် ( Gl&Bl&Normal)(Completed)                        Where stories live. Discover now