Part.27

1K 44 0
                                    

Part.27

တစ်ပတ်ခန့်ကြာသော်...

မမ ဘာဖြစ်နေမှန်း သဲ မသိပါ
ထမင်းပုံအမှန်စားသော်လည်း အစားလုံးဝနည်းသွားခဲ့ပြီး စကားပါ နည်းသွားခဲ့ကာ
ညနေစောင်းတာနဲ့ သူ့အခန်းထဲမှာသာ
အနေများတော့သည်...
ပိုဆိုးတာက ကလေးတွေနဲ့လည်း
ရောရောနှောနှော မနေတော့သလို
သူ့အခန်းထဲမှာသာ သူအိပ်ပြီး
သဲတို့အခန်းထဲလည်း တော်ရုံကိစ္စလောက်နဲ့
ဝင်မလာတော့ပါ သဲ... မအားလို့
သမီးလေး ငိုရင်သာ
တစ်ခါတစ်လေမှ ဝင်ချော့ ပေးတတ်သည်
ဒီနေ့တော့ ညနေခင်းဘက် ၃ နာရီလောက်တွင် သဲအနေနဲ့ အရဲစွန့်ကာ...

"... ဟဲလို.... မမ...

" အွန်း... သဲ... ပြော....

ကိုယ့်ဆီကိုသဲ တော်ရုံဖုန်းဆက်လေ့မရှိဘဲ
အကြောင်းရှိမှသာ ဆက်လေ့ရှိတာမို့
လဝန်းအက္ခရာ ပရောဂျက်အသစ်အတွက်
ဒီဇိုင်းဆွဲနေရင်း ဖုန်းလှမ်းကိုင်လိုက်သည်

" ဟိုလေ... မမ... အားလားဟင်...

" အားတော့ မအားဘူး အလုပ်လုပ်နေတာလေ... ဘာပြောချင်လို့လဲ..

လဝန်းအက္ခရာ မျက်မှောင်ကြုံ့ပြီး ပြန်
မေးလိုက်ခြင်းဖြစ်သည်...

" ဟို လေ... မမ...
သဲ... လေ....
ခေါင်းကိုက်နေလို့ အဲဒါ...
ကော်ဖီဂျိုးမှာ ကော်ဖီသွားသောက်ချင်လို့..
အဲဒါလေ...

" အွန်း... တို့ လိုက်ခဲ့ပေးရမယ် ဆိုပါတော့...

မမက အဲလိုပါပဲ သဲကိုဆို ဘယ်တော့မှ
စကားဆုံးအောင် ပြောခွင့်မပေးပါဘူး..

"ဟုတ်
မမ အားမှပါ"

" တို့ ပြောပြီးနေပြီလေ တို့ မအားဘူး
အလုပ်လုပ်နေတယ်လို့..."

မမ စကားကို နားထောင်နေရင်း
သဲ... ဝမ်းနည်းသွားရပါသည်

" ဒါပေမယ့်...
မင်းက ခေါင်းကိုက်နေတယ်ဆိုတော့လည်း
တို့ဘက်က
လိုက်ပို့ပေးရမှာပေါ့ မိနစ် နှစ်ဆယ်အတွင်း
တို့ရောက်မယ် မင်းရဲ့ ကုမ္ပဏီ ရှေ့ကနေပဲ
အဆင်သင့်စောင့်နေပါ...

လဝန်းအက္ခရာ ဖုန်းပြောနေရင်းတန်းလန်းနဲ့ပဲ
ပိုက်ဆံအိတ် ကောက်ကိုင်လိုက်ပြီး
ကားသော့ယူလို့ ထွက်ခဲ့လိုက်တော့သည်..
ကုမ္ပဏီချင်း သိပ်မဝေးလှသော်လည်း
ကားတွေကြပ်တဲ့အခါ မိနစ် နှစ်ဆယ်လောက်
မောင်းရတာမို့...
အမှန်ဆို သဲ ပြောတဲ့ ကော်ဖီဆိုင်...
ကော်ဖီဂျိုးဆိုတာ လဝန်းတို့ ကုမ္ပဏီ နှစ်ခု
ကြားမှာ ရှိနေတာ ဖြစ်သည် လဝန်း
ကိုကိုနှင့်အတူ တစ်ခေါက်ရောက်ဖူးပါသည်လဝန်း တွေးရင်းနဲ့ ကားမောင်းလာလိုက်တာ
သဲတို့ရဲ့ Flourish ကုမ္ပဏီ ရှေ့သို့
ရောက်လာခဲ့သည်...
တွေ့ပါပြီ ကုမ္ပဏီရှေ့မှာ စကပ်တိုတိုလေးနဲ့
အနီရောင်ဝမ်းဆက်လေးဝတ်ပြီး ကြွေရုပ်
ကလေးလို လှပနေတဲ့ ကောင်မလေးတစ်ယောက် ရပ်စောင့်လို့နေပါသည်...

သံယောဇဥ် ( Gl&Bl&Normal)(Completed)                        Where stories live. Discover now