Part.19

1K 57 0
                                    

Part.19

" ရှင်...

" ရှင်မနေနဲ့ ထက်ဝေအောင်ကို ပြောနေတာ
မင်းဆီကို သူဘာလာလုပ်တာလဲ...?

လဝန်အက္ခရာ ကားမောင်းနေရင်းနဲ့
စိတ်မထိန်းနိုင်စွာ လေသံမာမာနဲ့ ချစ်သဲပိုကို
အော်လိုက်သည်

ချစ်သဲပိုမှာလည်း ရုတ်တရက် ဝမ်းနည်းသွားပြီး မျက်ဝန်းထဲမှာ မျက်ရည်တွေ ရစ်ဝဲလာခဲ့
ရပါသည် နဂိုကတည်းက မမကိုဆို
တုန်နေအောင် ကြောက်ရသူမို့ပါ

" ဟို... ဟို... သူက.... သူက... သဲတို့ရဲ့
သဲတို့ရဲ့... အဟင့်.... 😢😢😢

ချစ်သဲပို ဝမ်းနည်းလွန်းလို့ ဆက်မပြောနိုင်တော့ပဲ ငိုချလိုက်မိပါတော့သည်

" ဒါလေးမေးတာ ဘာမှ ငိုစရာ
အကြောင်းမရှိဘူးနော် ချစ်သဲပို...
မင်းမပြောချင်လဲ မပြောနဲ့ ရတယ်
ကိစ္စမရှိဘူး...

" သဲ ပြောပြပါ့မယ် မမ...
ထက်ဝေအောင်က Sky Group ကုမ္ပဏီပိုင်ရှင် ဦးအောင်မို့ရဲ့ သားပါ
သဲတို့ ကုမ္ပဏီရဲ့ ရှယ်ရာဝင်တစ်ဦးပါ
ဒီနေ့ သဲတို့ ကုမ္ပဏီထဲက ရှယ်ရာရှင်
အစည်းအဝေးလုပ်လို့ သူ့အဖေကိုယ်စား
တက်လာတာပါ

" ဒါဆို တို့က ဘာလို့ မသိရတာလဲ
အစည်းအဝေးရှိတာ....

" ဖေဖေနဲ့ ပြောပြီးသားမို့ မမကို မခေါ်တော့တာပါ သဲကို ဖေဖေက ကိုယ့်ဟာကိုယ်
ကြည့်လုပ်လိုက်တော့ မမကို ခေါ်မနေနဲ့တော့တဲ့ မမလည်း ကုမ္ပဏီမှာ ဒီနေ့
အစည်းအဝေးလုပ်ရမယ်တဲ့ အဲဒါကြောင့်
သဲ မမကို မခေါ်မိတာပါ...

တကယ်လည်း လဝန်းအက္ခရာ
ကုမ္ပဏီမှာ အစည်းအဝေးရှိပါသည်
အစည်းအဝေးပြီး၍ ကိုကိုနဲ့အတူ အပြင်မှာ
မုန့်ထွက်စားခြင်း ဖြစ်သည်

" ဒါဆိုလည်း ပြီးရောလေ...
ဒါလေးပြောရမှာကို မျက်ရည်လေးစမ်းစမ်း
စမ်းစမ်းနဲ့ မသိရင် ကိုယ်ကပဲ
သူ့ကို ရိုက်စစ်နေသလိုမျိုး...

မမက ဒေါသသံကြီးနဲ့ အော်တော့
သဲလည်း ဝမ်းနည်းသွားတာပေါ့

ဒီစကားကိုတော့ ချစ်သဲပို စိတ်ထဲကနေသာ
ပြောလိုက်ခြင်းဖြစ်သည်

" တစ်ခုခု စားမလား....
လမ်း ၃၀ ပေါ်ရောက်နေပြီ
ဝက်သားတုတ်ထိုးဖြစ်ဖြစ်...

သံယောဇဥ် ( Gl&Bl&Normal)(Completed)                        Where stories live. Discover now