Part. 1

4.1K 80 0
                                    

"ဟဲလို... ဟုတ်ကဲ့ပါ ဖေဖေ...
သမီး ဒီတစ်ပတ်အတွင်း မြန်မာပြည်ကို
ပြန်ခဲ့ပါ့မယ် ဖေဖေ...

" အေး အေး ဟုတ်ပါပြီ သမီးကြီးရေ...
ကျန်တာ ဒီရောက်မှ ပြောမယ်နော်
အလုပ်တွေအကုန်လုံး လက်စသတ်ခဲ့လိုက်တော့ သမီးလုပ်နိုင်မှာပါ
ဖေဖေ သမီးကို ယုံကြည်တယ်နော်...

" ဟုတ်ကဲ့ ကျေးဇူးပါ ဖေဖေ
ဒါဆို သမီး ဖုန်းချလိုက်တော့မယ်နော်.....

လဝန်းအက္ခရာ ဖုန်းချပြီးတာနဲ့ တစ်ပြိုင်နက်
သက်ပျင်းရှည်ကြီးပါ ချလိုက်မိတယ်

သူမ စီးပွားရေးနဲ့ ဘွဲ့ယူထားတယ်
တစ်ချိန်မှာ ဖေဖေ့ကုမ္ပဏီကို ဦးစီးနိုင်ဖို့
အခု နိုင်ငံခြားမှာလာပြီး လက်တွေ့
လေ့လာသင်ယူနေတယ်...

ပုံမှန်ဆို သင်တန်းက နောက် ၂ ပတ်လောက်နေမှ ပြီးမှာပါ မောင်လေးကိစ္စကြောင့်
ဖေဖေက အရေးတကြီး ပြန်လာခိုင်းလို့
မဖြစ်မနေ ပြန်ရတော့မယ်...

သူမမှာ အရမ်းချစ်ရတဲ့ မောင်လေးတစ်ယောက် ရှိတယ် သူက ဆရာဝန်ပေါက်စလေးပေါ့ မေမေက သားဖွားမီးယပ် အထူးကု
ဆရာဝန်ပါ။ မောင်လေးက မေမေ့ကို
ပိုချစ်တော့ ဆရာဝန်လိုင်းရအောင်ယူတယ်
သူမကတော့ ဖေဖေ့စီးပွားရေးကို
စိတ်ဝင်စားသူလေ....
.........................................

သီရိဂေဟာ အိမ်ကြီးထဲကို
ကားနှစ်စီး ရှေ့ဆင့်နောက်ဆင့်ဝင်လာကြတယ် တစ်ဦးက ကုမ္ပဏီပိုင်ရှင် ဦးသူရကိုကို
နောက်တစ်ဦးကတော့ သူ့ရဲ့
ဇနီးချောဖြစ်သူ
ဒေါက်တာ ဒေါ်လမင်းအက္ခရာပဲ ဖြစ်ပါတယ်

" မေကြီး သားလေး ပြန်မရောက်သေးဘူးလား....?

"သားက သူ့ကောင်မလေးနဲ့ ဆွေးနွေးစရာတွေ ရှိသေးလို့တဲ့ ကျန်ခဲ့တယ် ဖေကြီး....
အပြန် သူ့ကောင်မလေး လိုက်ပို့လိမ့်မယ်
ဒါနဲ့ သမီးကြီးဆီရော ဖုန်းဆက်ပြီးပြီလား

" ပြီးပြီ မေကြီးရေ...
သမီးကြီးက နောက်တစ်ပတ်ပြန်ခဲ့မယ်တဲ့
သူ့ မောင်မင်္ဂလာဆောင်ကိုတော့
မှီမှာပါ မေကြီးရဲ့

"အင်းပါ ဖေကြီးရေ....
သမီးက သူ့မင်္ဂဆောင် ရက်ရွှေ့လိုက်ရလို့
စိတ်မကောင်းဖြစ်နေမလား မသိဘူးနော်

"ပြန်လာမှ သေချာပြောပြလိုက်ပါ့မယ်
မေကြီးရယ်....
ကဲ... ရေချိုးပြီးရင် ထမင်းစားရအောင်
မြန်မြန်ချိုးနော်......

ခေါင်းသာ ညိတ်လိုက်မိတယ်
သမီးကြီးတော့ စိတ်မကောင်းဖြစ်နေတော့မှာ
အမှန်ပါပဲ.....
ဘာလိုလိုနဲ့ သမီးကြီး လဝန်းအက္ခရာ
Thai နိုင်ငံမှာ ဒီဇိုင်နာ သင်တန်းတက်ပြီး
တစ်ဖက်ကလည်း စီးပွားရေးတွေ
လေ့လာနေတာ အချိန်အားဖြင့်
၂ နှစ်တောင်ပြည့်တော့မည်။

သံယောဇဥ် ( Gl&Bl&Normal)(Completed)                        Место, где живут истории. Откройте их для себя