Part.9

988 21 0
                                    

Part 9

" ထွေး...ရေ... အပြင်သွားစရာရှိတယ်
အဝတ်အစားလဲထားနော်... ပြီးတော့
ဟိုနေ့က မမလေးဝယ်လာပေးတဲ့
ဂါဝန်လေးကိုလဲ အပိုထည့်ခဲ့ဦးနော်

" ဟုတ်ကဲ့ မမလေး....

ထွေး မမလေးကို အရမ်းချစ်ပါသည်
မိဘတွေ မရှိတော့တဲ့ ထွေးကို
မမလေးက  မနှိမ်ပဲ ညီမအရင်းလေးတစ်ယောက်လို ဆက်ဆံပေးပါသည်််
မိသားစုနှင့်တန်းတူ အခွင့်အရေးလေးတွေလည်း ပေးထားတာမို့ ထွေးအနေနဲ့လည်း
မမလေးတို့နဲ့နေရတာ အရမ်းပျော်ပါသည်

" ဟယ်... သမီးလေးတို့ ရောက်လာကြပြီလား
ဖေကြီးရေ.... ဒီမှာ သမီးလေးတို့ ရောက်လာကြပြီ.... ထွေး... နင့်မမလေးတို့နဲ့နေရတာ
ပျော်ရဲ့လား ကြည့်ပါဦး အသားတွေလည်း
ဖွေးလာလိုက်တာ နင့်မမလေးကို
အလိုလိုက်ပြီး သူစားချင်တာတွေချည်းပဲ
ချက်ကျွေးနေတုန်းလား....?

ဒေါ်သဲဦးမြတ် သမီးဖြစ်သူကို ဝမ်းသာအားရ
စီးကြိုတော့ သမီးဖြစ်သူကလည်း
သိပ်မချွဲချင်ရှာပါဘူး သူ့မာမီရင်ခွင်ထဲ
တန်းဝင်တော့တာပဲ....

" မမလေးတို့နဲ့နေရတာလည်း ပျော်တယ် မေမေကြီးတို့ကိုလည်း လွမ်းတယ်

ထွေးထွေးက ဝင်ဖြေလိုက်ခြင်းဖြစ်သည်

" ဟုတ်ပါပြီ နင့်မမလေးက ကိုယ်ဝန်နဲ့ဆိုတော့ အရင်ထက်ပိုပြီး ဂရုစိုက်ပေးဦးနော်
မတည့်တာတွေ ချက်မကျွေးနဲ့ကြားလား

" ဟုတ်ကဲ့ပါ မေမေကြီး....

" သမီးလေး ကုမ္ပဏီ ကိစ္စတွေ အဆင်ပြေရဲ့လား...

" အဆင်ပြေပါတယ် ဒယ်ဒီ...
ဟော်တယ် စီမံကိန်းကိစ္စကတော့
မမလဝန်းအက္ခရာ ဦးစီးနေတာမို့
သမီး သိပ်ပြီးစိတ်မစိုက်ရပါဘူး...

" မောင်သီဟကိုကိုရော အဆင်ပြေလား
သမီးနည်းနည်းဆိုးရင် သီးခံပေးပါကွာ
တစ်ဦးတည်းသော သမီးဆိုတော့
ဒယ်ဒီတို့ နည်းနည်းအလိုလိုက်ထားမိတယ်ကွယ်...

"ဟုတ်ကဲ့ခင်ဗျ
" အဆင်ပြေပါတယ် ဒယ်ဒီ

" အေး အေး.... ရောက်တုန်း
အေးဆေးနားကြကွာ ဒယ်ဒီတို့လည်း
နောက်လလောက်ကျရင် ရွာပြန်ဦးမယ်..
ထွေးထွေးရော ရွာ လိုက်ခဲ့ချင်သေးလား...

သံယောဇဥ် ( Gl&Bl&Normal)(Completed)                        Where stories live. Discover now