Part.15

1K 27 0
                                    

Part.15

ဘယ်နေ့ ဘယ်အချိန် ဘယ်နေရာမျိုးမှာ
ဘယ်လိုပုံစံမျိုးနဲ့သေပြီး ဘယ်ကိုရောက်ရမယ်ဆိုတာ
ဘယ်သူမှ ကြိုတင်ပြီး မသိနိုင်တဲ့လောကမှာ
ကုသိုလ်တရားတွေနဲ့ ရှန်သန်ရမယ်လို့
မြတ်ဘုရား ဟောကြားခဲ့တာ မှန်ပါတယ်

စျာပနပွဲမှာ မီးမီးလေးရဲ့ နှစ်ဖက်အဘိုးအဘွားတွေ ရောက်ချလာခဲ့ပါတယ်
သက်ရှိထင်ရှားရှိစဥ်တုန်းက
ရက်ရက်စက်စက် ပစ်ထားခဲ့မိလို့
မိဘတွေအနေနဲ့ကလည်း ဘယ်လိုမှ
ဖြေမဆည်နိုင်ကြပါဘူး....

မောင့်အလောင်းကို မီးသင်္ဂြိုလ်စက်ထဲ
ထည့်ခါနီးတော့ သဲ မောင့်ကို
နောက်ဆုံးအကြိမ် လက်အုပ်ချီလိုက်ရင်း...
စိတ်ထဲကနေပြီး.... မောင်.... စိတ်ချလက်ချ
သွားပါနော်... သဲကို မောင် စိတ်မပူပါနဲ့...
မောင့်ရဲ့သမီးလေးကိုလည်း သဲ... ကျန်းကျန်းမာမာလေးဖြစ်အောင် ဂရုစိုက်ပြီး မွေးပါ့မယ်
မောင်ရယ်....
သဲ... ဘယ်လို ဖြေရမှာလဲဟင်...
သဲတို့ မင်္ဂလာသက်တမ်း တစ်နှစ်ပြည့်လေးတောင် မလုပ်လိုက်ရပါလား မောင်ရယ်...
မောင်... သဲ ဘယ်လိုခံစားရမှာလဲဟင်...
သဲကို ထပြီး ပြောပါဦး မောင်ရဲ့...

" ပြီးရင်အားလုံးဖယ်ကြပါ တံခါးဖွင့်ပါပြိီ
အထဲထည့်တော့မယ် ဘေးဖယ်ကြပါ
ဘေးဖယ်ကြပါ

တာဝန်ရှိသူတွေက အော်နေကြပြီ
ချစ်သဲပို ရင်ထဲမှာတင် ကြိတ်ပြီးငိုနေရင်း...

" မောင်.... မောင် ရယ်....
တကယ်ကို နှုတ်ဆက်ရတော့မှာလားဟင်
မောင်... သဲ ဘယ်လိုဖြေရမလဲ...
သဲ.... သဲ.... ဘယ်လိုဖြေရမလဲ မောင်ရယ်...

အလောင်းတွန်းလှဲလေး တစ်လိမ့်လိမ့်
ဝင်သွားတာနဲ့ တပြိုင်နက်ထဲ...
ချစ်သဲပိုရဲ့ ခန္ဓာကိုယ်လေး ပြိုလဲသွားပြန်ပါပြီး....

သဲ ဖေဖေနဲ့ မေမေက ချစ်သဲပိုကို
ကားနားအထိ တွဲခေါ်လာပြီး.....
ဦးသူရကိုကို တို့ကို လှမ်းပြောလိုက်တယ်

" အရင်ပြန်နှင့်ပြီနော် အိမ်ရောက်မှတွေ့မယ်

" ဟုတ်ပါပြီ သူငယ်ချင်း
ကားကို ဖြေးဖြေးမောင်းလာနော်...

လဝန်းအက္ခရာ မီးမီးဘေးနား ရပ်နေရင်း
" မီးမီးလေး.... ဖေဖေနဲ့မေမေကို ကန်တော့လိုက်နော်.... ပြီးရင် ဖေဖေနဲ့မေမေ
ကောင်းရောင်ဘုံဘဝ ရောက်ပါစေလို့
ဆုတောင်းပေးလိုက်နော် မီးမီးလေး....

"ဖေဖေ.... မေမေ.... မီးမီး လက်အုပ်ချီပြီး
ဖေဖေနဲ့မေမေကို ကန်တော့ပါတယ်
မီးမီမဆိုးတော့ဘူးနော် ဖေဖေနဲ့မေမေကို
မီးမီး ဂျီလည်းမကျတော့ပါဘူး
မီးမီဆီကို ပြန်လာပေးပါနော်....
ဟီး.... ဟီး.... ဖေဖေနဲ့မေမေ အဲလိုအိပ်နေတာ
ကြာနေပြီ မီးမီးအရင်လို မဆိုးတော့ပါဘူး
ထထိုင်ပေးပါ ထထိုင်ပေးပါလို့...
မီးမီး မတည့်တာတွေလည်း မစားတော့ဘူးနော်..... မီးမီးကို စိတ်မကောက်ပါနဲ့
မီးမီးလိမ်မာပါ့မယ်.... ဖေဖေ မေမေ...
ထလို့ ထပါဦးလို့ အီး....ဟီး....ဟီ....

ကလေးရှေ့မှာတင်ပဲ အလောင်းကို
မီးသင်္ဂြိုလ်စက်ထဲ ထည့်လိုက်တော့......

" ဖေဖေ....  မေမေ.... မီးမီးကို မထားခဲ့ပါနဲ့
မီးမီးကို မထားခဲ့ပါနဲ့လို့....

လဝန်းအက္ခရာ မီးမီးလေးကို တင်းကြပ်စွာ
ဖက်ထားလိုက်မိရင်း ကိုယ်တိုင်ကလည်း
မျက်ရည်မဆည်နိုင် နှစ်ဖက်မိဘများမှာလဲ
ယူကြုံးမရ ငိုကြွေးကြပါတော့သည်.....

အရာရာဟာ ရုပ်ဆိုးအကျည်းတန်ခဲ့ပါပြီ။

တစ်ပတ်ခန့်အကြာ....

သမီးလေးခြူးရတီသည် နှစ်ဖက်အဖိုးအဖွားနှင့်
လိုက်မသွားပဲ ချစ်သဲပိုနဲ့ပဲ နေမယ်ပြောပါသည် ချစ်သဲပိုကလည်း
သူငယ်ချင်းဖြစ်သူကို
ကတိပေးထားတဲ့အတိုင်း စောင့်ရှောက်ပါမည်ဟု ဆုံးဖြတ်ပါသည်။

ထို့ကြောင့် မေသူဇော်တို့အိမ်ကို
မကြာခဏ သွားရှင်းခိုင်းရပါမည်
ဝင်းဝင်းကိုလည်း ချစ်သဲပိုပဲ
ပြန်ခေါ်ထားလိုက်သည်...
ဝင်းဝင်းရောထွေးထွေးရော ရှိနေ၍
မီးမီးလေးကို စိတ်ချရပါသည်။

ဧည့်သည်တွေ အကုန်ပြန်သွားကြပြီမို့
ဧည့်ခန်းထဲမှာ ဖေဖေရယ်မေမေရယ်
လဝန်းအက္ခရာ ချစ်သဲပို သမီးလေးခြူးရတီနဲ့ ဝင်းဝင်း ထွေးထွေးတို့ အကုန်ရှိနေကြပါသည်။

ဦးသူရကိုကို မှ....

" ကဲ သမီးလဝန်းအက္ခရာ သမီး
ငယ်ငယ်ကတည်းကရင်းဖေဖေနဲ့မေမေတို့ရဲ့
စကားကို တသွေမသိမ်းလိုက်နာခဲ့တဲ့
သမီးအလိမ်မာလေးပါ အခုလည်း
ဆက်ပြီးလိမ်မာလိုက်ပါဦး
သမီးမောင်လေးလည်း မရှိတော့ဘူးဆိုတော့
ဒီအိမ်မှာပဲ သမီးညီမလေး ချစ်သဲပိုနဲ့
နေပေးလိုက်ပါနော်....

" ဖေဖေနဲ့ မေမေ ကရော...

ဒေါ်လမင်းအက္ခရာမှ.....

ဖေဖေနဲ့မေမေကို စိတ်မပူနဲ့သမီး
ဖေဖေနဲ့မေမေက ကိုယ့်ကိုယ်ကို
ဂရုစိုက်နိုင်သေးတယ်...
သမီးညီမလေးကို ဂရာစိုက်ဖို့
ဒီမှာပဲ နေရစ်ပါ ဟုတ်ပြီနော် သမီး...
သမီးအဝတ်အစားတွေ
နောက်နေ့မှ လာယူလိုက်တော့
ကဲ... ဖေကြီးရေ... ပြန်ရအောင်.....။

သံယောဇဥ် ( Gl&Bl&Normal)(Completed)                        Where stories live. Discover now