Part.18

984 84 4
                                    

Part. 18
ရက်တွေလတွေ အလီလီပြောင်းလဲခဲ့လို့
ချစ်သဲပိုလည်း မီးဖွားခါနီးချိန် ဖြစ်ပါသည်
ဒီနေ့ ချစ်သဲပိုရဲ့ Flourish ကုမ္ပဏီ
အစည်းအဝေးရှိသောကြောင့်
မဖြစ်မနေ ကုမ္ပဏီသို့ လာရခြင်းဖြစ်သည်

ထက်ဝေအောင် အစည်းအဝေးခန်းမထဲ
ရောက်တော့ လူတောင်တော်တော်စုံ
နေပြီဖြစ်သည်

" ကျွန်တော် နည်းနည်းနောက်ကျသွားလို့
အားလုံးကို တောင်းပန်ပါတယ်ခင်ဗျ
ကျွန်တော် Sky group ကုမ္ပဏီပိုင်ရှင်
ဦးအောင်မိုးရဲ့သား ထက်ဝေအောင်ပါ

ချစ်သဲပိုမှ ထပြောလိုက်သည်

" ဟုတ်ကဲ့ရှင့် လူစုံပြီဆို ကျွန်မတို့
အစည်းအဝေးစလိုက်ကြရအောင်
ဒါကတော့ ကမ်းခြေမှာ Hotel
ဆောက်လုပ်မယ့် ဒီဇိုင်းပါ
ဒေါ်လဝန်းအက္ခရာ လက်ရာဖြစ်ပါတယ်
လူကြီးမင်းတို့အနေနဲ့ ဒီထက်ပိုကောင်းတဲ့
ဒီဇိုင်းမျိုးနဲ့ ဒီထက်ကောင်းတဲ့
အကြံမျိုးပေးချင်ရင် ခုကတည်းက
ပွင့်ပွင့်လင်းလင်းပြောလို့ရပါတယ်
ကာလာကတော့ မိုးပြာရောင်
ရွေးထားပါတယ်ရှင် ဒီမှာပါ
ဒီဇိုင်းက ဒီပုံစံပါရှင့်..

ချစ်သဲပို အချက်အလက် စုံလင်စွာ
ပြသပြီးတဲ့နောက်...

အဖွဲ့ဝင် ဒါရိုက်တာများ ခေါင်းခြင်းဆိုင်
၍ တိုင်ပင်ဆွေးနွေးကြရင်း... အားလုံး
အတည်ပြု သဘောတူလိုက်ကြသည်...

" ဟုတ်ကဲ့ရှင့် သဘောတူရင်
ဒီနေရာလေးမှာ လူကြီးမင်းတို့အနေနဲ့
သဘောတူကြောင်း လက်မှတ်ရေးထိုးပေးပါ

လက်မှတ်ထိုးပြီးလို့ အစည်းအဝေးကို
ရုတ်သိမ်းလိုက်ကြပြီး... ထက်ဝေအောင်မှ
လွဲ၍ အားလုံး ပြန်သွားကြပါသည်...

"သဲ... နင်အဆင်ရဲ့လား...

" ဘာကို မေးချင်တာလဲ ထက်ဝေအောင်

" မကြာခင်မှာ နင် မီးဖွားတော့မှာဆိုတော့
အားကိုးစရာ ယောင်္ကျားသား မရှိဘူးမို့လား
ငါ့ကို အချိန်မရွေး အကူအညီတောင်းလို့ရပါတယ် ပြီးတော့ ငါနင့်ကို အရင်လိုဘဲ....
ချစ်နေဆဲပါ ငါ့အချစ်က နင့်အပေါ်မှာ
အခုထိ မပြောင်းလဲသေးပါဘူး...

သံယောဇဥ် ( Gl&Bl&Normal)(Completed)                        Where stories live. Discover now