Part.26

1K 35 0
                                    

Part.26

   ထက်ဝေအောင် ရဲ့ ကုမ္ပဏီမှာ ဖြစ်သည်

" အစ်ကိုလေး ဧည့်သည်က တွေ့ခွင့်တောင်းပါတယ်...

" အွန်း... ဝင်ခဲ့ခိုင်းလိုက်..

မင်းခန့်သော်ဇင် ရောက်လာခြင်းဖြစ်သည်
မနေ့ကအကြောင်းတွေကို ဒီနေ့ တစ်နေကုန်
ထိုင်ပြီး စဥ်းစားနေမိ၍ အလုပ်ထဲလည်း
အာရုံမရောက်ခဲ့ပါ
ဆုံးဖြတ်ချက် တစ်ခုကို ပြတ်သားစွာ
ချခဲ့ပြီးတဲ့နောက် ဆိုင်တစ်ဆိုင်သို့ ဝင်ပြီး
ဒီကိုပဲ တန်းလာမိလိုက်ခြင်းဖြစ်သည်

" ဟား အစ်ကို..
ဘယ်လို ရောက်လာတာလဲ...

" ညီ့.. ဆီကို တမင်လာတာပါ...

မင်းခန့်သော်ဇင် ပြောရင်းနဲ့
တံခါးလော့ချလိုက်သည်
ထို့နောက် ထက်ဝေအောင်ထိုင်နေသော
ခုံမှ သူ့ကို ထခိုင်းလိုက်ပြီး
မင်းခန့်သော်ဇင် ဝင်ထိုင်လို့ ခပ်တည်တည်နဲ့
ထက်ဝေအောင်ကို သူ့ပေါင်ပေါ်
ဆွဲချလို့ ထိုင်ခိုင်းလိုက်သည်

" အစ်ကို ဒါ ကုမ္ပဏီ ထဲမှာနော်...

ထက်ဝေအောင် ပြောရင်း ရုန်းတော့သည်

မင်းခန့်သော်ဇင် မရရအောင် သူ့ပေါင်ပေါ်
ထိုင်ခိုင်းလိုက်ရင်း..

" တံခါးလော့ချထားတယ်
အစ်ကို ညီ့ကို ပြောစရာရှိတယ်...

မင်းခန့်သော်ဇင် ပြောရင်းနဲ့
ထက်ဝေအောင်ကို ဆွဲဖက်ထားလိုက်ရင်း
ရုတ်တရက် အိတ်ကပ်ထဲက
ဘူးလေးတစ်ဗူးဆွဲထုတ်ကာ....

" အစ်ကို့ကို လက်ထပ်နိုင်မလား... ညီ...
ညီ့အပေါ်မှာ အစ်ကို သစ္စာရှိပါ့မယ်လို့
ကတိပေးတယ်..

ထက်ဝေအောင် ထင်မှတ်မထားတာမို့
နှုတ်ဖျားတွေတောင် ဆွံ့အလို့...

" အစ်ကို တကယ်ပြောနောတာလား

" အွန်း တကယ်ပေါ့...
အစ်ကို့ကို လက်ခံပေးမယ် မဟုတ်လားဟင်

ထက်ဝေအောင် မင်းခန့်သော်ဇင် လက်ထဲမှ
လက်စွပ်ကလေးကို လှမ်းယူလိုက်တော့...
မင်းခန့်သော်ဇင် ပြုံးဖြီးလို့နေရင်း

" ဒါဆိုရင် လက်ခံတယ်လို့ ယူဆလိုက်ပြီး
ကိုယ် ဝတ်ပေးမယ်နော်...

သံယောဇဥ် ( Gl&Bl&Normal)(Completed)                        Where stories live. Discover now