Part.11

940 27 0
                                    

Part.11

"သဲ မောင်တို့ဆရာဝန်တွေ နက်ဖြန် နယ်ဆင်းရမယ် ကျန်းမာရေးဟောပြောပွဲနဲ့
ကာကွယ်ဆေးထိုးပေးဖို့ သန့်ဇင်ဟိန်းနဲ့
မေသူဇော်ပါမယ် တစ်ညအိပ်ခရီး
မေမေတော့ မပါဘူး...

" ဟုတ်လား မောင်....သဲ ညကျရင်
မောင်လိုအပ်မယ်ထင်တာလေးတွေ ထည့်ပေးထားမယ်နော် ခရီးဆောင်အိတ်ကတော့
အသေးပဲ ပြင်ထားလိုက်မယ်လေ...
မောင့်ကို သဲလည်း ပြောစရာရှိသေးတယ်
သိလား မောင်....

"အင်း ပြောလေ... သဲ....

" သဲ မြေကွက်အကြီးကြီးတစ်ခုရလိုက်တယ်
သိလား မောင်... သဲ သူငယ်ချင်း
သွယ်ဇင်နှင်း လေ မောင်သိတယ်မဟုတ်လား သူတို့ တစ်မိသားစုလုံး နိုင်ငံခြား ပြောင်းမှာမို့တဲ့ အဲဒါ သဲကို ကိုယ်တိုင် လာရောင်းပေးသွားတာ တခြားသူကို မပေးချင်လို့တဲ့....

" သဲ ပိုက်ဆံရော လောက်ရဲ့လား
မလောက်ရင် မောင် မမကို......

" ဟင့်အင်း မောင်.... လောက်တယ်
မောင့်လခရယ် သဲဝင်ငွေရယ် ပြီးတော့
နှစ်ဖက်မိဘ လက်ဖွဲ့ထားတာတွေလည်း
ရှိသေးတယ်လေ မောင်ရဲ့

" ဟုတ်ပါပြီဗျာ မောင့်မိန်းမ အဆင်ပြေရင်
ပြီးတာပါပဲ...

" ပြီးတော့လေ မောင်... အဲဒီမြေကွက်ကို
သဲ က မမ မင်္ဂလာဆောင်ရင် ပြန်လက်ဖွဲ့ချင်လို့ အိမ်ဒီဇိုင်းကလည်း မမဆွဲထားသလို
သဲတို့ အိမ်ပုံစံအတိုင်းလေး ဖြစ်ချင်တယ်
မောင် တိုးတိုးတိတ်တိတ် စီစဥ်ပေးလို့
ရမလားဟင် မမကို မသိစေချင်သေးလို့

" ဟုတ်ပါပြီ သဲ.. ရယ် မောင် ခရီးမထွက်ခင်
မောင့်သူငယ်ချင်း အင်ဂျင်နီယာ မင်းသန့်ကိုနဲ့
အပ်ခဲ့ပေးမယ် ဟုတ်ပြီလား....?

"မေသူဇော်တို့ လင်မယား နှစ်ယောက်စလုံးပါတယ်ဆိုတော့ သမီးလေးကို
သဲ ခေါ်ထားလိုက်ရမလား... မောင်...

"မခေါ်နဲ့တဲ့ သဲ.... သူတို့သမီးလေးကို
ခုကတည်းက ရင့်ကျက်မှုရှိအောင်
သင်ပေးချင်လို့တဲ့ သူတို့အိမ်က ကောင်မလေးနဲ့ပဲ ထားခဲ့လိမ့်မယ်...

" အင်းပါ မောင်.... အဲဒါဆိုလည်း
ပြီးတာပါပဲ...
......
...............

" ဟော... သမီးကြီး ပြန်လာပြီလား
ကုမ္ပဏီအလုပ်တွေ အဆင်ပြေရဲ့လား သမီး...

"အဆင်ပြေပါတယ် မေမေ
မေမေရော ဆေးရုံမှာ အရမ်းပင်ပန်းတယ်မို့လား...?

"ကိုယ် ဝါသနာပါတဲ့အလုပ်ဆိုတော့
ဒီလိုပဲပေါ့ သမီးရယ်....

" အဲဒါပဲ သမီးရေ.... သမီးမေမေက
အလုပ်နားခိုင်းလို့ကို မရဘူး
ဒီမှာ ဖေဖေ ဒီဇိုင်းတစ်ခုဆွဲထားတယ်
သမီးလိုအပ်တဲ့နေရာသုံးဖို့....

" Wow.... အရမ်းလှတာပဲ အတော်ပဲ
ဖေဖေ သမီး တာဝန်ယူထားတဲ့ ဟော်တယ်
ဆောက်လုပ်ရေးကို အပေါ်ထပ်တစ်ခုလုံး
ဖေဖေ့ဒီဇိုင်းပဲ သုံးလိုက်တော့မယ်
ကျေးဇူးပါ ဖေဖေ....

" သမီးကြိုက်ရင် ပြီးတာပါပဲ သမီးရယ်....

"လဝန်းအက္ခရာ ဖေဖေနဲ့မေမေ နှစ်ယောက်ကြားမှာ ကလေးလေးတစ်ယောက်
ပြန်ဖြစ်လို့ သွားခဲ့ပါတော့တယ်...
ဒီအိမ်ကမိသားစုလေးကတော့ အမြဲအေးချမ်းလို့ နေခဲ့ပါတော့တယ်....

သံယောဇဥ် ( Gl&Bl&Normal)(Completed)                        Where stories live. Discover now