Part.25

1K 33 0
                                    

Part. 25

မမက ဖုန်းကိုင်ပြီး သူ့အခန်းထဲဝင်သွားကတည်းက အခုထိ ပြန်ထွက်မလာလို့
ည ၁၁ နာရီ ထိုးနေပြီ သဲလည်း
အိပ်လို့မရသေးတာမို့ မမ အခန်းဘက်
လျှောက်လာတော့ မမအခန်းက
မီးလင်းနေသေးတာမို့
သဲ... ဘာမှ စဥ်းစားမနေတော့ပဲ
တံခါး ခေါက်လိုက်သည်

" ဒေါက် ဒေါက်... ဒေါက်...
မမ မအိပ်သေးဘူးလားဟင်...

အပြင်က တံခါးခေါက်သံကြားတာနဲ့
လဝန်းအက္ခရာ ဖတ်လက်စ စာအုပ်လေးကိုင်ပြီး တံခါး ထဖွင့်ပေးလိုက်သည်...

" မမ.. မအိပ်သေးဘူးလားဟင်
ညဥ့်နက်နေပြီလေ...

" မင်းကရော မအိပ်သေးဘူးလား
ညဥ့်နက်နေပြီလေ...

စကားလမ်းကြောင်းလွှဲမှ ရတော့မယ်...

" မမ ဘာစာအုပ် ဖတ်နေတာလဲဟင်....?

" စာရေးဆရာမ ပုဏ္ဏမီရဲ့
မ မငိုချင် မရယ်ချင် စာအုပ် ဖတ်နေတာ...

သဲ..လည်း အဲဒီစာအုပ် အရမ်းကြိုက်လို့...

" အွန်း... ဖတ်လို့ကောင်းတယ်...

မမက အဲလိုပါပဲ သဲကိုဆို ဘယ်တော့မှ
စကားဆုံးအောင် ပေးမပြောဘူး...

တကယ်တော့ အဲဒီစာအုပ်လေးဟာ
ကောင်မလေးနှစ်ယောက်ရဲ့ သံယောဇဥ်ကို
ဖော်ကျူးထားတာလေးပါ...
အဲဒီစာအုပ်လေးထဲက မ..ရဲ့ ဆုံးဖြတ်ချက်ကို
ချစ်သဲပို အရမ်းသဘောကျပါသည်
တကယ်လို့သာ... အဲဒီဇာတ်ကောင်ထဲကလို
မ.. လို လူမျိုးနဲ့
ဆုံတွေ့ခွင့်ရခဲ့ရင် သဲအနေနဲ့...
ငယ်လေးလို မဆိုးပဲလိမ်မာမယ်လို့
ကတိပေးနိုင်ပါတယ်.....

" မမက ဒီည...ဒီအခန်းထဲမှာပဲ
အိပ်တော့မှာလားဟင်....

" အွန်း...
ဒီည တို့ စိတ်သိပ်မကြည်လို့...
ဒီမှာပဲ အိပ်လိုက်တော့မယ်
မင်း အဆင်ပြေတယ်မို့လား....

" သဲ.. က အဆင်ပြေပါတယ်
မမ မပြေမှာပဲ သဲက စိုးရိမ်နေတာပါ...

" ဘာကို စိုးရိမ်တာလဲ...,

" ဟို.... ဟို.... မမ

" ဘာပြောချင်တာလဲ ချစ်သဲပို
တို့ အိပ်ချင်နေပြီနော်...

" မမ...ကိုမင်းခန့်သော်ဇင်နဲ့
အဆင်ပြေရဲ့လားဟင်...

" အဲဒါ တို့ ကိုယ်ရေးကိုယ်တာ ကိစ္စလေ
မင်းက ဘာလို့ စပ်စုနေရတာလဲ

သံယောဇဥ် ( Gl&Bl&Normal)(Completed)                        Kde žijí příběhy. Začni objevovat