Part.17

1K 74 0
                                    

Part. 17

ခြူးရတီ ကစားလို့ အားရသွားတော့
ချစ်သဲပို ရင်ခွင်ထဲ ပြေးလာခဲ့တယ်
ချစ်သဲပိုကလည်း မီးမီးလေးကို
အလိုက်သင့် ပြန်ဖက်ထားလိုက်ရင်း...

" မီးမီးလေး ညစ်ပတ်တယ်နော် ချွေးတွေ
တီတီ့ကို လာဖက်နေတယ်.... ခဏလေး
တီတီသဲ ချွေးသုတ်ပေးမယ်...

ချစ်သဲပို အသင့်ပါလာတဲ့ ပဝါလေးနဲ့
မီးမီးလေးကို ညင်သာစွာ ချွေးသုတ်ပေးတော့
မီးမီး​လေးက ဇိမ်ခံပြီး ငြိမ်နေလေရဲ့
ချစ်သဲပို အသဲယားလာတာနဲ့ မီးမီးလေးရဲ့
ချွေးသုတ်ထားလို့ ပန်းရောင်သမ်းနေတဲ့
ပါးဖောင်းဖောင်းလေးကို နမ်းလိုက်ရင်း...
နှာခေါင်းလေးရှုံ့လို့

" ကဲ ပြီးပြီ နံတူးလေး အိမ်ပြန်ကြစို့

မီးမီးလေးကလည် ချစ်သဲပိုကို ပြန်နမ်းလိုက်ရင်း...

" ဟုတ်ကဲ့ တီတီသဲ...

ဟိုစုံတွဲကတော့ ဘာတွေပြောရင်း
သဘောကျနေကြတယ်မသိ
ပြုံးလို့ရွှင်လို့

" တီတီလဝန်း ပြန်ရအောင်လေ...

မီးမီးလေးက လဝန်းအက္ခရာရဲ့
လက်ကလေးကို သွားဆွဲပြီး ချစ်စရာကောင်း
အောင် ချွဲနေပြန်၏...

" အွန်း... ဟုတ်ပြီ မီးမီးလေး ပြန်မယ်လေ
ကိုကိုရေ ပြန်ကြစို့...
.......................

အိမ်သို့ရောက်သော်...
" ကိုကို ပြန်တော့မယ်နော် လဝန်းလေး...

" အင်း အိမ်ထဲမဝင်တော့ဘူးလား ကိုကို

" မဝင်တော့ဘူး လဝန်းလေးရဲ့
အိမ်မှာ ဖွားဖွားစောင့်နေလို့ ပြန်တော့မယ်
နော် ရောက်ရင် ဖုန်း ဆက်လိုက်မယ်..

" ဟုတ်ကဲ့ပါ ကိုကို... အိမ်ရောက်ရင်
ဖုန်းဆက်လိုက်ဦးနော် ပြီးတော့
အိမ်ရောက်ရောက်ခြ​င်း ရေမချိုးနဲ့ဦး
ခဏနားပြီးမှချိုးနော်...

" ကောင်းပါပြီဗျာ...
ကိုကို သွားပြီနော်....
သဲနဲ့မီးမီးလေးရေ... သွားပြီနော်
တာ့တာ....

" ဟုတ်ကဲ့ဦးဦး တာ့တာ....

.......................

ည....
ထမင်းစားခန်းထဲတွင် ဖြစ်သည်
ချစ်သဲပိုတို့သုံးယောက်ရယ်
ဝင်းဝင်းတို့နှစ်ယောက်ရင်
ငါးယောက်သား ထမင်းဝိုင်းဖွဲ့ စားကြသည်

သံယောဇဥ် ( Gl&Bl&Normal)(Completed)                        Hikayelerin yaşadığı yer. Şimdi keşfedin