Part.32

1K 42 0
                                    

Part. 32

ချစ်သဲပိုတို့ အခန်းထဲတွင် ဖြစ်သည်
သားအမိသုံးယောက် အိပ်မောကျနေတာကြတာကြည့်ပြီး လဝန်းအက္ခရာ တစ်ချက်ပြုံးလိုက်သည် ပြီးနောက် ချစ်သဲပို အိပ်ပျော်နေတဲ့ ကုတင်ဘက်ခြမ်းပေါ် အသာလေး
တက်လိုက်ပြီး အရုပ်ကလေးလို ဆံပင် အခွေလိုက်ကလေးတွေ မျက်နှာပေါ်ဝဲကျပြီး
အိပ်မောကျနေတဲ့ ချစ်သဲပို မျက်နှာလေးကို
လက်ကလေးနဲ့ အသာအယာ ညှစ်ထည့်လိုက်ပြီး.... နားနားလေးကို တိုးတိုးလေးကပ်လို့

" သဲ... ရေ.... ထတော့..."

ရင်းနှီးပြီးသား မမရဲ့ ကိုယ်သင်းနံ့လေးက
နှာခေါင်းထဲ တိုးဝင်လာတော့ သဲ...
မျက်လွှာလေးကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သည်...
အိပ်ရေးပျက်သွားတာမို့ မမကို ကြောက်ပေမဲ့လည်း အိပ်မောကျနေတုန်း အနှိုးခံလိုက်ရတာမို့ ရုပ်ကလေးက ကြည်မနေဘဲ
စူပုတ်လို့...

" ဘာလဲ... မမရာ... သဲ... အိပ်ချင်နေသေးတယ် ဒီနေ့ ပိတ်ရက်လေ... ဆက်အိပ်ပါရစေဦးနော်..."

" ဟင့်အင်း... သဲ..
ထတော့.... ဆက်အိပ်လို့ မရတော့ဘူး...
ဒီနေ့ သီရိဂေဟာ အိမ်ကို သွားရမယ်...
တို့ ညက ပြောဖို့ မေ့သွားလို့
မေမေက ဒီနေ့ အကုန်လုံး အိမ်မှာလာနေရမယ်တဲ့..."

" ဟာ... မမကလဲ... ဘာလို့ ခုမှ ပြောတာလဲ
သဲ အိပ်ချင်သေးတယ်လို့... ညက
သမီးလေး ထငိုလို့ သဲ... ကောင်းကောင်းကို
မအိပ်ရသေးဘူး..."

" ဘာပဲဖြစ်ဖြစ် ထတော့ သဲ...ရာ...
အိမ်ရောက်မှ ပြန်အိပ်လိုက်တော့နော်...
မေမေတို့က မနက်စာ မစားသေးပဲ
စောင့်နေကြမှာဟ..."

လဝန်းတို့ စကားကို တိုးတိုးလေး ပြောနေကြတာ ဖြစ်ပေမဲ့... မီးမီးလေးက နိုးလာခဲ့ပြီး
သမီးငယ်လေးက ထငိုတော့သည်

" ဟာ... မာမားတို့ ဘာလို့ အစောကြီး
ဆူနေကြတာလဲ... ဘေဘီပိစိလေးတောင်
နိုးသွားပြီ ကြည့်"

" အွန်းပါ မီးမီးလေးရယ်.... မီးမီးလေးရဲ့
ဘေဘီပိစိလေးကို မာမားပဲ ချော့လိုက်ပါ့မယ်
မားကို ခေါ်ပြီး သားအမိနှစ်ယောက်
မျက်နှာ သွားသစ်ချေကြတော့...
ဒီနေ့ ဘွားဘွားကြီးတို့အိမ် သွားရမယ်"

သံယောဇဥ် ( Gl&Bl&Normal)(Completed)                        Where stories live. Discover now