Part.41

1.2K 46 2
                                    

Part.41

5 နှစ်ခန့်ကြာသော်...

ရာသီတွေ အလီလီပြောင်းလဲခဲ့လို့
မီးမီးလေးခြူးရတီရဲ့အသက်က ခုဆိုရင် (၈)နှစ်
သမီးလေးသွန်းရတီအသက်က (၅) ကျော် ရှိခဲ့ပြီ
ချစ်သဲပိုနဲ့ လဝန်းအက္ခရာတို့ရဲ့ ဆက်ဆံရေးကလည်း အရင်အတိုင်း မပြောင်းလဲ
တိုးတက်လာခြင်းမရှိသလို လျှော့ပါးသွားခြင်းလဲ
မရှိ ကုမ္ပဏီကိစ္စလည်း အစစအရာရာ
အဆင်ပြေသလို သမီးတွေကို
ကျောင်းပို့ ကျောင်းကြို ကိစ္စကလည်း
အချိန်လေးပေးပြီး တစ်ယောက်တစ်လှည့်
ကိုယ်တိုင်ကြိုပေးနေတာမို့ အများအမြင်မှာ
ပျော်ရွှင်စရာကောင်းပြီး လေးစားအားကျရတဲ့
မိသားစုလေးတစ်ခု ဖြစ်လို့နေပါတယ်။

ညတစ်ည....
ည 10 နာရီတောင်ထိုးနေပြီ မမ ခုထိ အိမ်ပြန်မရောက်သေးပါ ညစာစားပွဲတစ်ခုရောက်နေတယ်
နောက်ကျမယ်ဆိုပြီး သဲဆီ ကြို ဖုန်းဆက်ထားလို့
ဧည့်ခန်းထဲမှာ ဖုန်းလေးသုံးရင်း ထိုင်စောင့်နေမိပါတယ်....
ဟင်... ဒါဘာပုံကြီးလဲ ကောင်လေးတစ်ယောက်က
မမနဲ့ ယှဥ်ရပ်နေပြီး နောက်က သူငယ်ချင်းအုပ်ဆုနဲ့
ဆလ်ဖီပုံကြီးကို မမရဲ့ fb အကောင့်မှာ tag
တွဲပြီး တင်ထားပါလား....?
10နာရီ 15 မိနစ် ရှေမှာ ကားဟွန်းတီးသံကြားတယ်
မမပြန်ရောက်ပြီနေမှာ...
သဲကိုယ်တိုင်တံခါးသွားဖွင့်ပေးတော့
ခုဏက fb ပေါ်မှာ တွေ့လိုက်ရတဲ့ကောင်လေးက
ကားမောင်းသူနေရာကနေဆင်းလားပြီး
မမကို ကားတံခါးဖွင့်ပေးတယ် မမ ကားပေါ်ကနေ
ယိုင်တိယိုင်တိုင်ဆင်းလာတော့ အဲ့ကောင်လေးက
တွဲပေးနေတယ် သဲ အဲဒီမြင်ကွင်းကြီးကို
ကြည့်မနေနိုင်တာနဲ့ မမကို ကိုယ်တိုင်
သွားပြေးတွဲလိုက်ရင်း...

" ရတယ် ကျွန်မပဲ တွဲသွားလိုက်ပါ့မယ်
ကျေးဇူးပါရှင့်"

" အင်း အဲဒါဆို ကိုယ်ပြန်တော့မယ်နော်...
လဝန်းရေ... ကိုယ်ပြန်ပြီနော်"

"အွန်း.... ရဲရင့်ဖြိုး ဘိုင့်ဘိုင်"

မမက အဲဒီကောင်လေးကို နှုတ်ဆက်နေတဲ့အချိန်မှာ ထွေးထွေးရော ဝင်းဝင်းရော အလိုက်တသိ
ပြေးထွက်လာတော့... သူတို့ကို ခြံတံခါးသေချာ
ပြန်ပိတ်ခိုင်းလိုက်ပြီး သဲ မမကို သူ့အခန်းထဲပဲ
တွဲခေါ်လာခဲ့လိုက်တော့သည်
အခန်းထဲရောက်တော့..

သံယောဇဥ် ( Gl&Bl&Normal)(Completed)                        Where stories live. Discover now