Part.22

1K 32 0
                                    

Part. 22

ဒီနေ့ သမီးလေး ၃ လပြည့်တဲ့နေ့ ဖြစ်ပါသည်
သောကြာသမီးလေး ဖြစ်တာကြောင့်
သမီးလေးနာမည်ကို သွန်းရတီလို့ ပေးခဲ့သည်
၁ လပြည့်တဲ့နေ့က နာမည်ပေး
ကင်ပွန်းတပ် လုပ်ခဲ့ပြီးပြီမို့ ၃ လပြည့်မှာတော့
အထူးအထွေ ပွဲလေး မပြုလုပ်တော့ပါ
ကလေးမွေးပြီးတာနဲ့ ၃ ပတ်ပြည့်တဲ့နေ့မှာ
သဲ ကုမ္ပဏီ အလုပ်တွေ ပြန်ဝင်လုပ်ခဲ့သည်
သဲရဲ့မန်နေဂျာ မပြည့်စုံရှင်က
စိတ်ချရပေမယ့်
မမအနေနဲ့ ကုမ္ပဏီ နှစ်ခုကို
တစ်လှည့်စီပြေးပြီး စီမံနေရတာကို
သဲအနေနဲ့ မကြည့်ရက်တာလည်း ပါပါသည်
သမီးလေးကိုတော့ အိမ်မှာပဲ nurse ကို
Day&Night ငှားထားပေးရပါတယ်
ထွေးထွေးနဲ့ဝင်းဝင်းလည်း ရှိနေတာမို့
စိတ်ချရပါသည်...

" ဟဲလို... သဲ... လား...?
အိမ်ပြန်ရောက်ပြီလား...?
အွန်း မီးမီးလေးကို ဒီနေ့ ဦးနိုင်ဇော်
သွားကြိုလိမ့်မယ်
ဒီနေ့ တို့ အိမ်ပြန်နောက်ကျမယ် သိလား...?
အွန်း... ဒါပဲနော်...

လဝန်းအက္ခရာ ဒီနေ့ ကိုကို့ တောင်းဆိုချက်အရ လူကြီးမိဘတွေ တွေ့ဆုံပွဲ ပြုလုပ်ရခြင်း
ဖြစ်ပါသည် ထို့ကြောင့် အိမ်ပြန်
နောက်ကျနိုုင်တာမို့ သဲ...အား
ဖုန်းဆက်ပြီး လှမ်းအကြောင်းကြားခြ​င်း
ဖြစ်ပါသည်...

ဦးသူရကိုကို ဒေါ်လမင်းအက္ခရာတို့
နေအိမ်၌ မင်းခန့်သော်ဇင် မိဘများ
ဖြစ်ကြသော ဦးခန့်နိုင်ဝင်း ဒေါ်သီရိနွယ်
နှစ်ဖက်မိဘ တွေ့ဆုံပွဲလေး ဖြစ်ပါသည်

" ဟော.. သမီးကြီးရောက်လာပြီ...
ရေများများသောက်ပြီး ရေအရင်ချိုးလိုက်နော် မေမေတို့ ထမ​င်းပွဲ အဆင်သင့်
ပြင်ထားလိုက်တော့မယ်...

" ဟုတ်ကဲ့ မေမေ...

လဝန်းအက္ခရာ လူမနေဖြစ်တာ
ကြာပြီဖြစ်​သော်လည်း ကြီးကြီးက
မကြာခဏ ဝင်ရှင်းထားပေးလို့
သန့်ရှင်းသပ်ရပ်နေတဲ့ မိမိအခန်းထဲဝင်ပြီး
ရှည်လျားလှတဲ့ဆံနွယ်တွေကို တခါတည်း
လျှော်လိုက်ပြီး
ရေချိုး အဝတ်အစားလဲလိုက်သည်..

" ကဲ ရောက်လာကြပြီပဲ ငါ့ကောင်ကြီး
ဝလို့ပါလား... မသီရိနွယ် ပိုချောလာသလိုပဲ

သံယောဇဥ် ( Gl&Bl&Normal)(Completed)                        Where stories live. Discover now