Part.16

1K 28 0
                                    

Part.16

ဘာလိုလိုနဲ့ လဝန်းအက္ခရာ ဒီမှာ
လာနေတာ တစ်လတင်းတင်း ပြည့်ခဲ့ပြီ
သီဟကိုကို သန့်ဇင်ဟိန်းနဲ့မေသူဇော်
တို့အတွက် ၁ လပြည့်ရက်လည်ဆွမ်းကို
ဒီအိမ်မှာဘဲ ဘုန်းကြီးငါးပါးပင့်ပြီး
ကပ်လိုက်ခြင်းဖြစ်ပါသည်
ဒီနေ့ ကိုကို ခရီးက ပြန်ရောက်တာမို့
မောင်လေးတို့ ရှိနေကြတဲ့ အုတ်ဂူလေးဆီကို
ကိုကိုကိုယ်တိုင် ကားမောင်းပြီး
လိုက်ပို့မှာ ဖြစ်ပါသည်။

ဧည့်သည်တွေ စဲသွားတော့မှာ
ကိုကို ရောက်လာခဲ့ပါတယ်သည်။

" ကိုကိုကလည်း ကြာလိုက်တာ...
ဧည့်သည်တွေ ပြန်သွားတာဖြင့်
ကြာလှပြီကို..
ဟွန့်....

လဝန်းအက္ခရာ နှုတ်ခမ်းလေးစူလို့
ချစ်သူ ကိုကို့ကို ကလေးတစ်ယောက်လို
ရန်တွေ့လိုက်ပါသည်။

မင်းခန့်သော်ဇင်ကလည်း
သိပ်မကြိုက်ရှာဘူးထင်တယ်
သွားကြီးကို ဖြီးလို့ ချစ်သူလဝန်းလေးကို
အပြုံးမျက်နှာနဲ့ ကြည့်ပြီး

" ကိုကိုလည်း ဒီကိုပဲ တန်းလာခဲ့တာပါ
လဝန်လေးရဲ့
အိမ်ကိုတောင် မဝင်ရသေးဘူး...

" အွန်း.. ပါ.... ကိုကို
အွန့် ရေအရင်သောက်လိုက်ဦးနော်...
လဝန်း ထမင်းပွဲအသစ်ပြင်ထားပေးတယ်
ကိုကို့အတွက် စားနှင့်လိုက်ဦး
လဝန်း သံပရာရည် သွားဖျော်ပေးဦးမယ်နော်

" အွန်း.... ကောင်းပါပြီဗျာ

မင်းခန့်သော်ဇင် အလိုက်သိလွန်းတဲ့
ချစ်သူလေးကို ကြည့်ပြီး
ပီတိတွေ ဖြာနေရပါတော့သည်

ထိုမြင်ကွင်းကို အမှတ်တစ်မဲ့လှမ်းကြည့်ပြီး
စိတ်မကောင်းဖြစ်သွားရသူကတော့
ချစ်သဲပိုပဲ ဖြစ်ပါတယ်

သူများချစ်သူတွေ ကြည်နူးနေကြတာ
မြင်တော့ လွမ်းလိုက်တာ မောင်ရယ်....

"ဝင်းဝင်းရေ.... မီးမီးလေးကို
အဝတ်အစား လဲပေးပြီးပြီလား

" ဟုတ်ကဲ့
ပြီးပါပြီ မမလေးသဲ...

လဝန်းအက္ခရာ မင်းခန့်သော်ဇင်ကို
သံပရာရည်လေး ကမ်းပေးရင်း...

" တော်ပြီးလား ကိုကို အစားနည်းတယ်နော်

" အင်း ကိုကို နေပြည်တော်က စားလာခဲ့လို့ပါ

သံယောဇဥ် ( Gl&Bl&Normal)(Completed)                        Where stories live. Discover now