Part.14

1K 26 0
                                    

Part.14
မောင်... မောင်... သဲကို မထားခဲ့ပါနဲ့
သဲကို မထားခဲ့ပါနဲ့ မောင်... မောင် လို့..

လဝန်းအက္ခရာ ယောင်ပြီးလန့်နိုးလာတဲ့
ချစ်သဲပိုကို စိတ်မသက်သာစွာ
တစ်ချက်ကြည့်လိုက်ပြီး...

" မင်း သတိရလာပြီလား အခြေအနေတွေကို
မင်း သဘောပေါက်လိမ့်မယ်လို့
တို့ မျှော်လင့်တယ် ဒါကြောင့်
ခဏလောက်ဖြစ်ဖြစ်
ရင့်ကျက်ချင်ယောင်ဆောင်ပေးနိုင်မလား..."

" အဟင်... မမ... ...

လဝန်းအက္ခရာ သက်ပြင်းချလိုက်ရင်း
ချစ်သဲပိုရဲ့ ဆံပင်လေးတွေ သပ်တင်ပေးလိုက်ကာ...

မောင်လေးတို့ကား မန္တလေးအထွက်မှာတင်
အရှိန်မထိန်းနိုင်တဲ့ ကုန်တင်ကားကြီးက
ဘရိတ်ကြိုးပြတ်ပြီးကားအကွေ့မှာ
မောင်လေးတို့ကားနဲ့
ထိပ်တိုက်ဝင်တိုက်မိတာတဲ့...
ကုန်တင်ကားမောင်းတဲ့ ကားသမားက
အဲဒီနေရာမှာတင် ပွဲချင်းပြီး ဆုံးသွားခဲ့တယ်
မောင်လေးတို့ သုံးယောက်စလုံး
ဒဏ်ရာပြင်းထန်စွာရတော့ အသက်ကယ်ဆေးထိုးပေးပြီး ဆေးရုံထိ
သယ်လာနိုင်ခဲ့တာ....
ကားပိုင်ရှင်ကတော့ ဘယ်လိုဖြစ်ချင်လဲတဲ့
သူတို့ဘက်က အတတ်နိုင်ဆုံး
ဖြည့်ဆည်းပေးပါ့မယ်တဲ့...

ဖေဖေနဲ့ မေမေကတော့ တရားစွဲနေလို့လဲ
သေတဲ့သူတွေက ပြန်ရှင်မလာနိုင်မှာ
မဟုတ်ဘူးဆိုပြီး ကြေအေးပေးထားတယ်
မင်းရဲ့ သဘောထားကရော
ဘယ်လိုဖြစ်ချင်လဲ

" သဲ ဒီအချိန်မှာ ဘာမှ မဆုံးဖြတ်ချင်သေးဘူး မမ... သမီးလေး ခြူးရတီအတွက်ပဲ
ဝိုင်းစဥ်းစားပေးကြပါ ကလေးက
အဖေကိုရော အမေကိုရော ဆုံးရှုံးလိုက်ရတာ
ဆိုတော့...

" ဟုတ်ပြီလေ.... တို့ ဖေဖေမေမေတို့နဲ့
တိုင်ပင်ပြီး အဆင်ပြေအောင်
ညှိပေးပါ့မယ်...

" ဟုတ်... မမ...
မမ ဖြစ်နိုင်ရင်လေ သမီးလေးခြူးရတီကို
သွားခေါ်ပေးပါလားဟင်...
သဲ ဒီည သဲနဲ့ပဲ သူ့ကို ခေါ်သိပ်လိုက်မလို့

" ဟုတ်ပြီ တို့သွားခေါ်ပေးမယ်
ခု အိမ်ပြန်ကြရအောင်နော်
ပြန်ရင်းတစ်ခါတည်း ဝင်ခေါ်လိုက်တာပေါ့

" ဟုတ်ကဲ့ ကျေးဇူးပါ မမ...

လဝန်းအက္ခရာ ချစ်သဲပိုကို ခေါင်းကလေးသာ ငြိမ့်ပြပြီး သဲကို ဆွဲထူပေးမိတယ်

သံယောဇဥ် ( Gl&Bl&Normal)(Completed)                        Where stories live. Discover now