Part.37

1.1K 43 0
                                    

Part.37

ဒီကောင်မလေးအပေါ်မှာ ရန်ငြိုးထားခဲ့ဖူးတာတွေ... လဝန်းရဲ့ မင်္ဂလာပွဲ နောက်ဆုတ်ပေးခဲ့ရလို့ ဒေါသတွေ ထွက်ခဲ့ရဖူးတာတွေ
ကိုကိုနဲ့ မင်္ဂလာပွဲပျက်ပြီး နောက်ဆုံး
ကိုကိုဂေးသွားတော့ ဒီကောင်မလေးအပေါ်မှာ
သိပ်ကို နာကျည်းခဲ့ဖူးတာတွေ...
ဒီအချိန်မှာ.... ဒီတဒင်္ဂလေးအတွင်းမှာ
ဘယ်လိုဖြစ်လို့ ကြက်ပျောက် ငှက်ပျောက်
ပျောက်ကုန်ရတာပါလိမ့်နော်...
မဖြစ်သေးပါဘူး ဒီကောင်မလေးက
အသက်ငယ်ငယ်လေး ရှိသေးတာ..
အခိုက်အတန့် သာယာမှုလေးကြားက
သတိတစ်ချက်ဝင်လာပြီး လဝန်း သဲကို
ဖက်ထားရာကနေ ရုတ်တရက် ခွာလိုက်ပြီး

" မနက်စာ သွား စားကြရအောင် "

အမူအယာ ချက်ခြင်းပြောင်းသွားတဲ့
မမကို သဲ နားမလည်စွာမော့ကြည့်လိုက်ရင်း

" ဟုတ်ကဲ့ မမ...
မမ...  သဲကို စိတ်ဆိုးသွားတာလားဟင်"

" ဟမ်... ဘာကိုပြောတာလဲ

" ဘာမှ မဟုတ်တော့ဘူး မမ... သွားစို့"

ချစ်သဲပို မမကို စိတ်ကောက်ချင်ပါသည်
သို့သော် ကိုယ့်အခြေအနေက
စိတ်ကောက်ခွင့် မရှိသေးတဲ့ အခြေအနေမို့

ချစ်သဲပို မေမေတို့အခန်းထဲ တန်းဝင်လာတော့ မမပါ နောက်က ကပ်လိုက်လာခဲ့သည်

" မား နေကောင်းသွားပြီလား...?
မီးမီးက မားကို လွမ်းနေတာ"

ချစ်သဲပိုကို မြင်တော့ မီးမီးလေးက
ကုတင်ပေါ်ကနေ အတင်းပြေးဆင်းလာပြီး
ရင်ခွင်ထဲတန်းဝင်လို့ ပါးတွေကိုလည်း
အတင်းနမ်းတော့သည်
သဲကလည်း မီးမီးလေးကို ပြန်နမ်းလိုက်ရင်း

" မားကလည်း မီးမီးလေးတို့ကို အရမ်းလွမ်းနေတာ... မား... ဘေဘီလေးကို ချီလိုက်ဦးမယ်နော် "

" ဟုတ်ကဲ့ပါ... မား"

မီးမီးလေးက လဝန်း ရင်ခွင်ထဲ ဝင်လာပြီး

" မီးမီးက မာမားကိုလည်း အရမ်းချစ်တယ်နော်"

" အွန်းပါ မီးမီးလေးရဲ့"

နှစ်ယောက်သားလည်း အပြန်အလှန်နမ်းကြရင်း... ဒေါ်လမင်းအက္ခရာကတော့
ကြည်နူးစရာကောင်းပြီး ချစ်ဖို့ကောင်းတဲ့
မြင်ကွင်းလေးကို တစ်စိမ့်စိမ့်ကြည့်လို့
ပီတိတွေ ဖြစ်နေပါတော့တယ်

သံယောဇဥ် ( Gl&Bl&Normal)(Completed)                        Where stories live. Discover now