Part.35

1.1K 47 0
                                    

Part.35

လဝန်းအက္ခရာ ထမင်းစားပြီးလို့ အခန်းထဲ
ဝင်လာတော့.. သဲက အိပ်မောကျနေတုန်း
ခြုံထားပေးတဲ့ စောင်တွေလွတ်နေပြီ
တစ်ကိုယ်လုံးလည်း ချွေးတွေ ရွှဲနစ်နေလေပြီ
လဝန်း ဘီဒိုထဲက မွှေးပွသဘက် အသေးလေးတစ်ထည် ထုတ်လိုက်ပြီး သဲ...ကို
ချွေးတွေ သုတ်ပေးလိုက်တော့....
အိပ်မောကျနေတဲ့ သဲက နိုးလားပြီး
လဝန်းကို မွန်းစတားရုပ်ကလေးလို ပြူးပြူးလေး ကြည့်နေတော့သည်...

" ဟင်... သဲ... နိုးသွားပြီလား...
အဝတ်အစားထပ်လဲလိုက်ရအောင်နော်
တို့ ရေစိုတစ်သျှူးနဲ့ သန့်ရှင်းရေးလုပ်ပေးမယ်...

" ဟင့်အင်း... ရပါတယ် မမရဲ့...
သဲ ကိုယ့်ဖာသာ လုပ်လိုက်ပါ့မယ်"

" မရပါဘူး... တို့ လုပ်ပေးပါ့မယ်...
လာ အင်္ကျီချွတ်ရအောင်..."

" ရှင်..."

" ဘာလဲ သဲရာ... မိန်းကလေးအချင်းချင်းကို
မင်းက တို့ကို ရှက်နေတာလား..."

" မ... မဟုတ်ပါဘူး... မမ..."

" မဟုတ်ရင် ဟိုဘက်လှည့်ပြီး အင်္ကျီချွတ်လိုက်တော့ နောက်ကျောကိုတော့
တို့ သုတ်ပေးပါ့မယ်"

" ဟုတ်.. ဟုတ်ကဲ့... မမ..

လဝန်းအက္ခရာ အသားအရေလေးက
ဖွေးဆွတ်နေတဲ့ သဲရဲ့ ကျောပြင်လေးကို
တယုတယ ချွေးသုတ်ပေးနေရင်း
ရှေ့ဘက်ခြမ်းကိုတော့ သဲကိုယ်တိုင်
သုတ်နေတာမို့ ပြီးသွားတော့
သဘက်အကြီးတစ်ထည်ယူပြီး
အပေါ်ပိုင်း ပတ်ပေးထားလိုက်တယ်...
ပြီးသွားတော့ ဘောင်းဘီရှည်ပွပွကို
ပေါင်ရင်းအထိ လှန်တင်ပေးလိုက်ရင်း
တစ်သျှူးအစိုနဲ့ ကိုယ်တိုင်ကိုယ်ကျ
သေချာလေးသုတ်ပေးနေမိတော့
သဲက ဘာရယ်ကြောင့်မှန်းမသိ ခြေထောက်လေးတွေ တွန့်တွန့်သွားလေရဲ့..
အားလုံးပြီးသွားတော့ ညအိပ်ဝတ်စုံ
ဘောင်းဘီရှည်နဲ့ တွဲရက်ကလေးပဲ
အနီရောင်လေး ထုတ်ပေးလိုက်ရင်း
အတွင်းခံကလည်း အသစ်ပဲ ထုတ်ပေးလို့

" ကိုယ့်ဟာကိုယ် ဝတ်လိုက်တော့နော် သဲ...
တို့... ရေချိုးခန်းဝင်ဦးမယ်"

" ဟုတ်ကဲ့... မမ"

မမ ရေချိုးခန်းထဲ ဝင်သွားတုန်း သဲ...
အဝတ်အစား မြန်မြန်ဝတ်လိုက်သည်
အဝတ်အစားတွေအကုန်လုံးက သဲနဲ့ဆို
နည်းနည်း​ချောင်နေလေရဲ့ မတတ်နိုင်ဘူး
ရှိတာ ဝတ်ရမှာပဲ အပိုက တစ်စုံထဲ ပါခဲ့တာမို့
အဲဒါက နက်ဖြန်ဝတ်ဖို့ ချန်ထားရဦးမှာ...

သံယောဇဥ် ( Gl&Bl&Normal)(Completed)                        Where stories live. Discover now