၇၇၄။ ညစာစားပွဲ (၁)

शुरू से प्रारंभ करें:
                                    

အစေခံများက ကျောင်းတော်အသီးသီးမှ ကျောင်းသားများကို သူတို့အတွက် သတ်မှတ်ထားသော ထိုင်ခုံများသို့ ဦးဆောင်ခေါ်သွားကြသည်။ ညစာတည်ခင်းမည့် နေရာက ကြီးမားကျယ်ပြန့်သော ရင်ပြင် ဖြစ်သည်။ လူငယ်များကို ထောင့်မှန် စတုဂံပုံဖြင့် လေးတန်း ခွဲထားသည်။ အလယ်တွင် နေရာလွတ် အကျယ်ကြီး ထားထားသည်။ အိမ်ရှေ့စံက အိမ်ရှင်အနေဖြင့် ထိုင်ခုံအမြင့်ကြီးတွင် ထိုင်နေသည်။ ဧည့်ခံပွဲသို့ လာနေကြသော လူငယ်များကို အိမ်ရှေ့စံက အသိအမှတ်ပြုသည့် အနေဖြင့် ပြုံးလျက် ခေါင်းညိတ်ပြနေသည်။

အသုံးအဖြုန်းကြီးတာကို ငါ တွေ့ဖူးပါတယ်၊ ဒါပေမဲ့ ဒီလောက် အသုံးအဖြုန်းကြီးတာကိုတော့ ငါ မတွေ့ဖူးဘူး၊ အိမ်ရှေ့စံရဲ့ နန်း‌ဆောင်အတွက် ငွေကြေး ဘယ်လောက်တောင် သုံးစွဲ ပစ်ရမလဲ၊ အိမ်ရှေ့စံရဲ့ နန်းဆောင်တစ်ခုတည်းကတင် ဖီးနစ်ကျောင်းတော်လောက် ကြီးမား ကျယ်ဝန်းနေပြီ ကျောက်ချူက အိမ်ရှေ့စံ၏ နန်းဆောင်ခြံဝင်းကို မျက်စိကစားလျက် ပြောသည်။

ပရိဘောဂများကို ရနံ့သင်းသစ်နက်ဖြင့် ဖန်တီးထားသည်။ အဆင်တန်ဆာ အမျိုးမျိုးက နန်းဆောင်တစ်ခွင်တပြင် ပြန့်ကျဲနေသည်။ အလှဆင် ကျောက်စိမ်းများကလည်း ရွှန်းစိုနေပြီး တန်ဖိုးကြီးမားသော ကျောက်မျက်များကိုလည်း အဆင်တန်ဆာများတွင် မြှုပ်နှံထားသည်။ ကျောက်ချူသည်ပင် ကြည့်ပြီး ဘာမှန်း မသိသော အရာများကို တွေ့မြင်ရသည်။ ညစာတည်ခင်းရန် ပန်းကန်ခွက်ယောက်များသည် မယုံကြည်နိုင်ဖွယ် တန်ဖိုးကြီးမားနေလိမ့်မည်ဟူ၍ သူ မှတ်ယူလိုက်သည်။

ရန်တိုင်းပြည်က ပထမဆုံး တည်ထောင်ထားတဲ့ တိုင်းပြည် ဖြစ်သင့်ပါတယ်၊ သူတို့က အခုဆို အင်အားအကြီးဆုံး တိုင်းပြည် ဖြစ်နေပြီလေ၊ တိုင်းပြည်ရော ပြည်သူရော ချမ်းသာကြတယ်၊ ဒီတိုင်းပြည်မှာ ရှိတဲ့ သာမန် အရပ်သားတွေတောင် အိမ်နီးချင်း တိုင်းပြည်ထက် ချမ်းသာကြတယ်၊ သူတို့ကို အုပ်ချုပ်တဲ့ ရှင်ဘုရင်ဆို ပြောစရာတောင် မလိုတော့ဘူး ဖေးယန်က ပခုံးတွန့်လျက် ပြောသည်။ သူက ဒီနေရာကို လာရောက်စစ်ဆေးချိန်ကတည်းက ဒီအကြောင်းများကို သိပြီး ဖြစ်သည်။

ပါရမီရှင်သမားတော်(၂)जहाँ कहानियाँ रहती हैं। अभी खोजें