Part (17) Uni/Zawgyi

5.7K 278 3
                                    

The Challenge of Love

Part (17)

"မဟုတ်ဘူးကွ အဲ့တာကြီးက အသိအသာကြီး ငါကိုယ်တိုင်မြင်တဲ့ဟာကို အဲ့ဒီဒိုင်ကတမင်သက်သက်မဆွဲတာ "

ထူးမြတ်လင်းက ရန်ကြီးအောင်ထိုင်နေသောဆိုဖာရဲ့ရှေ့မှာအရှေ့နဲ့အနောက်လမ်းလျှောက်ရင်းမနက်ကပွဲကိစ္စကိုပြောလေသည်။

" ၁၀ပွဲထိုးရင်တစ်ပွဲလောက်ပဲလာမကြည့်အားတာ အဲ့ဒီပွဲကပဲအခုလိုဖြစ်တယ် ချီးကွာ"

ခိုင်မြဲသည် သူ့ဘေးမှာထိုင်နေသောသူငယ်ချင်းဖြစ်သူ၏ ဒဏ်ရာပေါင်းသောင်းခြောက်ထောင်နဲ့မျက်နှာကိုစိတ်မကောင်းစွာကြည့်ရင်းပြောလေသည်။

နေ့လည်က တွယ်တာပြန်သွားပြီးနောက် အေဂျင်စီကစီစဥ်ပေးတဲ့ဆရာဝန်ဆီသို့ထူးမြတ်လင်းနဲ့အတူသွားလိုက်သည်။

မျက်ခွံပေါ်ကဖူးယောင်နေတဲ့ဒဏ်ရာတွေကိုအမြန်ပျောက်အောင်ဆေးပါထိုးပေးလိုက်သည်။ မဟုတ်ရင်ညဘက်အိပ်တောင်ပျော်မဟုတ်။ ဒီဒဏ်ရာတွေကသေချာပေါက်နာကျင်ပြီးကိုက်ခဲနေလိမ့်မည်။

နှာခေါင်းရိုးနဲ့နှုတ်ခမ်းပေါ်ကအပေါက်အပြဲများကိုလည်းအနာဂတ်ပလာစတာဖြင့်သေချာကပ်ပေးလိုက်သည်။

ခိုင်မြဲက အလုပ်တွေပြီးလျင်ပြီးချင်း ထူးမြတ်လင်းဆီသို့ရန်ကြီးအောင်အ​ကြောင်းဖုန်းဆက်မေးသည်။ ကြားရတဲ့သတင်းကမျှော်လင့်ထားတဲ့အတိုင်းမဟုတ်ဘဲရန်ကြီးအောင်ရှုံးတယ်ဆိုသောကြောင့် Utube ကနေ ချက်ချင်းရှာကြည့်လိုက်သည်။ မြင်တွေ့ရတဲ့ပုံအရကိုယ့်လူကအလူးအလဲခံခဲ့ရတာမို့ ခိုင်မြဲလည်းအလုပ်ထဲစိတ်မပါတော့ပေ။

အခုတော့ရုံးဆင်းတာနဲ့အိမ်မပြန်ဘဲရန်ကြီးအိမ်သို့သာတန်းဝင်လာခဲ့လိုက်တော့သည်။ ထူးမြတ်လင်းကတစ်နေကုန်ရန်ကြီးနဲ့အတူရှိနေပြီး ဖြစ်​ကြောင်းကုန်စင်ကိုအစအဆုံးသိတာနဲ့ ခိုင်မြဲအားအကုန်ရှင်းပြသည်။

"ငါ လီယမ်ချမ်းနဲ့နောက်တစ်ပွဲထိုးမယ် "

ရန်ကြီးက လက်ပိုက်ပြီးဆိုဖာကိုမှီထိုင်နေရာမှကိုယ်ကိုမတ်လိုက်၍ပြောလာတော့ထူးမြတ်လင်းရောခိုင်မြဲရောကသူ့ကိုကြည့်လာသည်။

The Challenge of LoveTahanan ng mga kuwento. Tumuklas ngayon