Part (31) Uni/Zawgyi

8.2K 382 27
                                    

The Challenge of Love
Part (31)

"ကိုကို့အခန်းပြ "

"ဘာလုပ်မလို့လဲ "

တွယ်တာက ရေသောက်ပြီးနောက် ဆိုဖာနောက်မှာရပ်နေသောရန်ကြီးကိုခေါင်းမော့ပြီး အခန်းလိုက်ပြဖို့ပြောသည်။

"ကြည့်ချင်လို့ပေါ့ ကိုယ့်ရည်းစားအခန်းကိုကြည့်ခွင့်မရှိဘူးလား"

တွယ်တာသည် စောနက သူနမ်းလို့အသက်ရှူကြပ်ပါတယ်ဆိုတဲ့ကောင်မလေးမဟုတ်တော့သလိုမျိုး ရန်ကြီးရဲ့လက်ဖဝါးကြီးကြီးကိုကိုင်ဆွဲကာချွဲနေပြန်သည်။

"ကြည့်လို့ရပါတယ် ဘာမှထူးခြားတာမရှိဘူး"

"အဲ့ဆို ပြလေ "

"ထ..လာခဲ့ "

တွယ်တာလည်း နေရာမှထပြီး ရန်ကြီးခေါ်တဲ့နောက်သို့လိုက်သွားသည်။

ကွန်ဒိုကတအားအကျယ်ကြီးမဟုတ်သောကြောင့် အိပ်ခန်းကလည်းဧည့်ခန်းနဲ့သိပ်မကွာ။ ရန်ကြီးကတံခါးဖွင့်ပေးလိုက်တော့ တွယ်တာက အရင်အခန်းထဲဝင်သွားသည်။

စူးစမ်းသည့်သဘောနှင့်တစ်ခန်းလုံးကိုမျက်လုံးဝေ့ကြည့်ပြီး အသက်ကိုလည်းပြင်းပြင်းရှူရှိုက်လိုက်သည်။

ဟုတ်သည်။ ဒီအခန်းထဲက ကိုရန်ကြီးဆီကနေအမြဲရတဲ့ Channel ရေမွှေးနံ့ကိုရသည်။ ဒီအနံ့ကိုတွယ်တာအရမ်းကြိုက်သည်။

ယောက်ျားလေးတစ်ယောက်တည်းနေတဲ့အခန်းဆိုပေမဲ့ပစ်စလက်ခက်ကြီးရှုပ်ပွမနေ။ ခပ်ရှင်းရှင်းပဲဖြစ်သည်။

အိမ်ကအစ်ကိုဆိုမာမားနဲ့ကြီးကြီးရွှေလာရှင်းမပေးရင်အမြဲရှုပ်ရှပ်ခက်နေတာ။

ရန်ကြီးကအခန်းအပေါက်ဝမှာ လက်ပိုက်ပြီးတံခါးကိုဘောင်ကိုမှီကာရပ်ကြည့်နေသည်။

"ကျေနပ်ပြီလား "

တွယ်တာကပြန်မဖြေသေးဘဲ အခန်းထဲမှာတွဲရပ်ရှိနေသော ရေချိုးခန်းကိုလည်းသွားဖွင့်ကြည့်သည်။

"ငါ့အခန်းကအဲ့ဒီလောက်စိတ်ဝင်စားစရာကောင်းမယ်လို့မထင်ဘူး"

ထိုအခါမှတွယ်တာက ရန်ကြီးရှေ့သို့ပြန်ရောက်လာကာပြောသည်။

The Challenge of LoveWhere stories live. Discover now