Part (11) Uni/Zawgyi

6.6K 299 14
                                    

The Challenge of Love

Part (11)

"အမလေး...ကျွတ်...ကျွတ်...ကျွတ်!"

တွယ်တာတစ်ယောက် ခရမ်းနုရောင်ဝမ်းဆက်ကလေးနှင့် ဂျင်းလွယ်အိတ်ကိုပုခုံးမှာလွယ်လျှက် အိမ်အပေါ်ထပ်လှေကားမှကျောင်းသွားရန်ဆင်းလာရင်း ခြေလှမ်းများတုန့်နှေးစွာငြီးငြူလိုက်သည်။

ကိုရန်ကြီးပြောတာအလကားမဟုတ်၊ တကယ်ကိုအီစိမ့်နေအောင်နာသည်။ Gym ကစားရတာတကယ်ပင်ပန်းတာပဲ။ ၂ရက်မြောက်နေ့ဖြစ်ကာအလူးအလဲကိုယ်လက်တွေကိုက်ခဲ၏။

"ဟဲ့ မိတွယ်တာ ညည်းကြည့်ရတာလည်းအသက်၈၀အဘွားကြီးကျနေတာပဲဟယ် မျက်နှာကလည်းရှုံ့မဲ့လို့"

"မာမားကလည်း ကိုယ်တိုင်Gymသွားကစားကြည့်ပါလား မာမားသာဆိုရင်အိပ်ယာထဲကတောင်ထနိုင်မှာမဟုတ်ဘူး"

"ညည်းကိုဘယ်သူကဆော့ခိုင်းလို့လဲညည်းဟာညည်းသွားဆော့တာလေ ခံပေါ့"

မာမားကတော့ တွယ်တာဘာလုပ်လုပ်ဝေဖန်ဖို့အသင့်ပေ။ ဧည့်ခန်းမှာအမြဲထိုင်နေပြီးတွယ်တာကိုမြင်ရင်တစ်ခုမဟုတ်တစ်ခုအပြစ်ရှာပြောလေ့ရှိသည်။

တွယ်တာလည်း မာမားနဲ့ပြိုင်ပြီးငြင်းချင်စိတ်မရှိတာမို့ကိုယ့်ဟာကိုယ်ပဲ ကျောင်းသွားဖို့ထွက်လာလိုက်တော့သည်။

ကျောင်းမသွားခင် ပန်းနုနဲ့လဝန်းကိုအရင်ကားနဲ့ပတ်ခေါ်ပြီးမှတက္ကသိုလ်ကျောင်းသို့မောင်းသည်။ ၃ယောက်သွားအတူလာမတူမို့ဘယ်သူခွဲခွဲဒို့မခွဲဆိုတာ တွယ်တာ၊ပန်းနုနှင့်လဝန်းသာဖြစ်လိမ့်မည်။

"ဟဲ့ ဟိုမယ်"

ပန်းနုကကားပေါ်ကဆင်းဆင်းချင်းတွယ်တာ့ကိုလက်တို့သည်။ တွယ်တာကပန်းနုလက်တို့ပြီးမျက်လုံးဝေ့ပြရာကိုတစ်ချက်ကြည့်လိုက်တော့ ကားပါကင်အရှေ့ဘက်ကသစ်ပင်အောက်မှာရပ်နေသောကောင်လေး၃ယောက်ကိုတွေ့သည်။

"ဟင်း...စိတ်ညစ်ပါတယ် "

တွယ်တာက သက်ပြင်းတစ်ချက်ချလိုက်ရင်း ကားတံခါးကိုပိတ်ကာ ပန်းနုနဲ့လဝန်းတို့နဲ့အတူကိုယ်သွားမယ့်လမ်းသို့သာလျှောက်သည်။

The Challenge of LoveWhere stories live. Discover now