Part (13) Uni/Zawgyi

6.3K 295 10
                                    

The Challenge of Love

Part (13)

"တရုတ်ကြီး ငါ မနက်ဖြန်တွယ်တာ့ကို ခေါ်ထားတယ်"

သောက်စရာနဲ့မြည်းစရာဝယ်လာပြီးထူးမြတ်လင်းအိမ်မှာ ညဘက်ဆုံဖြစ်ကြသည်။ ရန်ကြီးကတော့ Training ကာလဖြစ်ပြီးပွဲကလည်းရက်သိပ်မလိုတော့တာမို့ မသောက်မစားဘဲဘေးကပဲစကားထိုင်ပြောဖြစ်နေသည်။

"ဘယ်ကိုခေါ်တာလဲ "

ခိုင်မြဲက ရန်ကြီးစကားကိုသိပ်စိတ်ဝင်စားပုံမပေါ်။ ထူးမြတ်လင်း၏ဧည့်ခန်းထဲက24လက်မTV ကနေတောင်အကြည့်မခွာဘဲပြန်မေးသည်။

​ကြည့်နေတဲ့ လီပါပူးနဲ့အာစင်နယ်ဘောလုံးပွဲကလည်းအကြိတ်အနယ်ဖြစ်နေကြပြီဖြစ်၏။

"ငါ Training ဆင်းနေတဲ့ Gymကိုလေ "

"ဟာ...ဟေ့...ဟေ့....ဟာကွာ...သွင်းတော့မယ့်ဟာကို !"

"အေးဆေး ဟေ့ကောင် မင်းကောင်တွေမဂိုးနိုင်တော့ဘူး "

ခိုင်မြဲက လစ်ပါပူးအသင်းဂိုးသွင်းခါနီးကပ်လွဲသွားတာကိုကြိတ်မခဲနိုင်ထအော်တဲ့အခါထူးမြတ်လင်းက အရက်ခွက်ကိုင်ပြီးအေးဆေးဒူးနန့်ရင်းပြန်ဖြေသည်။

ရန်ကြီးလည်းသူ့စကားက ဒီဘောဖန်၂ကောင်ကြားထဲမှာ တိုးမပေါက်တာကိုသိလိုက်တော့ ဆက်မပြောဖြစ်တော့ပေ။

"ဟျောင့်လေကျယ်မနေနဲ့ မင်းတို့အာကြီးကိုရှေ့ပွဲတွေမှာအေးဆေးနိုင်လာတာ"

"ဘာမှလာပြောမနေနဲ့တရုတ်ကြီး မင်းတို့ကြိုးကြာအသင်းကြောင့်အရင်တစ်ပတ်ကပဲ ၁သိန်းရှုံးထားတာငါမသိဘူးထင်နေလား"

ထူးမြတ်လင်းကပြောလိုက်တော့ ခိုင်မြဲမျက်နှာက လေရှုံ့နေတဲ့ဘောလုံးကြီးလိုမဲ့သွား၏။

"နေပါဦး ငါ ၁သိန်းရှုံးတာကိုမင်းကိုဘယ်သူကပြောတာလဲဒီတစ်ပတ် အာကြီးနဲ့လစ်ပါပူးပွဲရှိလို့ မင်းမသိအောင်တိတ်တိတ်လေးလောင်းတာကို"

"ဘယ်သူပြောတယ်ထင်လဲ "

ထူးမြတ်လင်းက မျက်ခုံးပင့်ပြပြီးပြောလိုက်တော့ ခိုင်မြဲကသူ့ဘေးကိုလှည့်ကြည့်လိုက်သည်။ ဒါပေမဲ့ရန်ကြီးကသူ့ဘေးမှရှိမနေဘဲထမင်းစားခန်းဘက်ရောက်နေပြီဖြစ်လေ၏။

The Challenge of LoveWhere stories live. Discover now