Part (33) Uni/Zawgyi

8.6K 321 29
                                    

The Challenge of Love
Part (33)

"သြော်...လာပြီလား ထိုင်လေ တွယ်တာ "

တွယ်တာတို့ရဲ့ အကဆရာက Birthday Party ဖိတ်လို့ တွယ်တာလည်း မနေ့ကပဲကိုကို့ကိုခွင့်တောင်းပြီးရောက်လာသည်။

သူ့ရဲ့သင်တန်းသားအားလုံးဖိတ်ထားပြီး ဆိုင်တစ်ဆိုင်ကိုအပြတ်ငှားပြီးကျွေးတာမို့ စားပွဲတွေအားလုံးဆက်ထားကာ စားပွဲအရှည်ကြီးမှာဟင်းပွဲတွေအများကြီးနဲ့လူတွေတန်းစီထိုင်နေကြတဲ့အထဲက တွယ်တာ့ကိုဆရာကအရေးတယူသူနဲ့နီးတဲ့အနားသို့ခေါ်သည်။

ထိုင်စရာကလည်းစားပွဲထိပ်ရဲ့ဘေးမှာပဲကျန်တာမို့တွယ်တာလည်းအဲ့ဒီမှာဝင်ထိုင်လိုက်၏။

"တွယ်တာ ဝက်သားစားတယ်မလား "

"ဟုတ်စားတယ် "

ဝက်ဂုတ်သားကင်အချို့အားတွယ်တာ့ပန်းကန်ထဲသို့ယူထည့်ပေးသည်။

"အားလုံးထည့်စားကြနော်အားမနာနဲ့ "

ဆရာက ပြောရင်းနဲ့တင်သူနဲ့လက်လှမ်းယူရသောဘဲကင်ဆီသို့လက်လှမ်းနေရင်းတွယ်တာ့အားထပ်မေးပြန်သည်။

"တွယ်တာ ဘဲကင်ကြိုက်လား"

"ဟုတ်ကဲ့...အဲ့...ရတယ်ဆရာ တွယ်တာ ကိုယ့်ဟာကိုယ်ယူပါ့မယ် အားနာစရာ"

ဆရာက လက်အိတ်စွပ်ထားလျှက်ဘဲတစ်ကောင်လုံးကနေ ရင်အုပ်သားများအားဖဲ့ပြီးတွယ်တာ့အားထပ်ထည့်ပေးနေတာမို့  တွယ်တာက အားနာလာရသည်။

"တွယ်တာက သေးသေးလေးဆိုတော့များများစားအောင်လို့"

ဘိုဆန်ဆန်မျက်နှာနဲ့ဆရာက တွယ်တာ့အား ပြုံးပြပြီး တုန့်ယမ်းဟင်းရည်များကိုလည်းပန်းကန်တစ်ခုဖြင့်သပ်သပ်ထည့်ခပ်ပေးနေသည်။

"ဆရာ ဘက်လိုက်တယ်နော် တွယ်တာ့ကိုပဲထည့်ပေးနေတာ "

တွယ်တာနဲ့အချိန်တူတူတက်သောအစ်မတစ်ယောက်က မျက်စိဆံပင်မွှေးဆူးစွာနဲ့ပြောလာတော့ တွယ်တာအနေခက်ရ၏။

"မဟုတ်ပါဘူးဗျာ... တွယ်တာကဝေးနေလို့ပါ ညီမတို့လည်းစားကြပါ ကျွန်တော်နဲ့နီးရင်ထည့်ပေးမှာပေါ့"

ဆရာကအရှက်ပြေစကားကိုဖာထေးပြောနေရင်းနဲ့ပင် တွယ်တာ့ဆီသို့ အချဥ်ခွက်ကိုရွှေ့လာပေးနေပြန်သည်။

The Challenge of LoveTempat cerita menjadi hidup. Temukan sekarang