Part (14) Uni/Zawgyi

6.2K 287 10
                                    

The Challenge of Love

Part (14)

တွယ်တာ သူမအပေါ်မှာအုပ်မိုးလျှက်ရှိနေသော ရန်ကြီးရဲ့တည်တံ့ခန့်ချောသောမျက်နှာကိုမျက်တောင်မခပ်စတမ်းစိုက်ကြည့်နေရင်း

"ကိုရန်ကြီး"

ဟု နာမည်ခေါ်လိုက်သည်။

ရန်ကြီးကတွယ်တာ့ကိုငုံ့ကြည့်နေလျှက်ဆက်ပြောလာမည့်စကားကိုမျှော်နေသည်။

"ကိုရန်ကြီးရဲ့မျက်နှာကိုကိုင်ကြည့်လို့ရမလား"

"မရဘူး! "

တွယ်တာက အားတင်းပြီးမေးလိုက်သော်လည်း ရန်ကြီးကဘူးတစ်လုံးနဲ့ချက်ချင်းငြင်းလိုက်တော့ တွယ်တာမျက်လုံးလေးဝိုင်းစက်သွားလေသည်။

"Sorry Sorry လာ..ပြန်ထ...အရှိန်လွန်သွားလို့"

ရန်ကြီးကတွယ်တာ့အပေါ်ကနေဖယ်ပေးပြီး တွယ်တာအားဆွဲထူဖို့လက်ကမ်းပေးသည်။

အခုကိုရန်ကြီးကတွယ်တာ့စကားကိုလမ်းကြောင်းလွှဲနေတာပဲ။

တွယ်တာကိုရန်ကြီးရဲ့ကြီးမားသောလက်တစ်ဖက်ကိုမှီခိုပြီးမြန်မြန်ပဲမတ်တပ်ပြန်ထလိုက်သည်။

"အာရုံစိုက်ထား စောနငါသင်ပေးတာမှတ်မိတယ်မဟုတ်လား ပြန်လုပ်ကြည့်မယ်နော်"

ရန်ကြီးက တွယ်တာ့အနောက်မှာရပ်ပြီး တွယ်တာ့ကိုအသာလေးခပ်ဖွဖွပြန်ဖက်လိုက်သည်။

တွယ်တာလည်းဒီတစ်ကြိမ်မှာတော့အာရုံမများတော့ဘဲ ကိုရန်ကြီးသင်ပေးတဲ့အတိုင်း တံတောင်ဖြင့်ကိုရန်ကြီးရဲ့ဝမ်းဗိုက်နေရာကိုထိုးတိုက်လိုက်သည်။

ပြီးတော့လက်မြှောက်ကာရန်ကြီးရဲ့မျက်နှာရှိတဲ့နေရာကိုခန့်မှန်းပြီးရိုက်ချပစ်လိုက်သည်။

"အာ့....!"

"ဟင်...ကိုရန်ကြီး နာသွားတာလား "

ရန်ကြီးက တွယ်တာ့လက်ကိုလွတ်အောင်ရှောင်နိုင်လိုက်သော်လည်းအသံထွက်အော်လိုက်တော့တွယ်တာက စိတ်ပူပြီးရန်ကြီးအားဘယ်နားထိသွားလဲလှည့်ကြည့်လာသည်။

သူ့ကိုစိတ်ပူသွားတဲ့ကလေးမပုံစံကိုသဘောကျစွာနဲ့ ရန်ကြီးက ပြုံးလိုက်တဲ့အခါ တွယ်တာအောက်နှုတ်ခမ်းလေးကိုဖိကိုက်ပြီးခြေတစ်ဖက်စောင့်လိုက်သည်။

The Challenge of LoveWhere stories live. Discover now