Part (16) Uni/Zawgyi

5.5K 308 12
                                    

The Challenge of Love

Part (16)

"မာမား သမီးအပြင်သွားလိုက်ဦးမယ်နော် "

"ဒီတစ်ခါကဘယ်လဲ"

အိပ်ခန်းထဲမှာ ပါပါးရဲ့အင်္ကျီတွေကိုနေရာတကျချိတ်ပေးနေသောမာမားဆီသို့ အခန်းတံခါးဖွင့်ပြီးတွယ်တာလာပြောလိုက်သည်။

မာမားကပါပါးရဲ့အဝတ်ဗီရိုကိုပိတ်လိုက်ပြီးတွယ်တာ့ကိုလှည့်မေးလိုက်ပါသည်။

" ပန်းနုကဒီနေ့ သူတို့အိမ်မှာဟော့ပေါ့လုပ်ကျွေးမယ်လို့ပြောတယ် "

ကိုရန်ကြီးရဲ့ပွဲသွားကြည့်မယ်လို့ပြောရင် မာမားကသေချာပေါက်အပြင်ထွက်ခံမည်မဟုတ်ချေ။ ကိုကြီးကလည်းဒီနေ့ပါပါးနဲ့ကုမ္ပဏီမှာတစ်နေကုန်ရှိနေမည်ဟုမာမားသိထားပြီးသားဖြစ်သောကြောင့် ကိုကြီးလည်းသွားမကြည့်ဖြစ်တဲ့အတွက် ယောက်ျားတွေချည်းရှိတဲ့နေရာဘာသွားလုပ်မလဲဆိုပြီး မိန်းမကောင်းတရားတွေဟောတော့မည်ဆိုတာသေချာသည်။

ထို့ကြောင့်ဒီနေ့ပန်းနုနဲ့မတွေ့ဖြစ်လည်းပန်းနုအိမ်သွားမည်ဟုလိမ်ပြောလိုက်သည်။ ပန်းနုနဲ့လည်းမနေ့ညကတည်းက Messenger ကနေ
တိုင်ပင်ပြီးသားမို့အလိမ်ပေါ်မည်မဟုတ်။

"ဟော့ပေါ့လုပ်စားဖို့ကသမီးနဲ့မှအတူတူသွားဝယ်ကြတာမို့ကြာမှာနော်သိလား ဖုန်းတွေတွန်းဆက်မနေနဲ့ဦး ပန်းနုအိမ်ကနေဘယ်မှမသွားဘူးစိတ်ချ"

"အချိန်နဲ့အချိန်တော့ပြန်လာခဲ့လေဟယ် တစ်နေကုန်လျှောက်သွားနေလို့ဖြစ်မလား"

"မာမားကလည်း ညနေပြန်ရောက်ရင်ပြီးရောမလား သွားတော့မယ်"

နောက်တစ်ခွန်းပြန်ဖြေတာတောင်မစောင့်တော့ဘဲတွယ်တာ အိမ်ရှေ့သို့မြန်မြန်ထွက်ပြေးလေတော့သည်။

ဒီခါတော့ခိုးပြီးသွားကြည့်တာမဟုတ်သဖြင့် ပွဲလက်မှတ်ကို၂ရက်လောက်ကြိုဝယ်ထားသည်။ ကိုရန်ကြီးကမလိုဘူးသူပေးမယ်ပြောပေမဲ့တွယ်တာကတော့မရပါ။ သူမကိုယ်တိုင်ပဲလိုင်းပေါ်ကနေလက်မှတ်ရအောင်ဝယ်လေသည်။

ခါးကျော်တဲ့အဖျားကောက်သောဆံပင်ရှည်တွေကိုကျောဘက်မှာဖြန့်ချထားလျှက် ဂျင်းဘောင်းဘီအောက်ရှူးအကြပ်ကလေးကို ပန်းနုရောင်ရှပ်အင်္ကျီလက်ရှည်နှင့်တွဲဝတ်ထားပြီး အဖြူရောင်သားရေအိတ်ထဲမှာဖုန်းနဲ့ကားသော့ထည့်၍ ပွဲကျင်းပမည့်အဆောက်အဦးထဲသို့ဝင်လာလိုက်သည်။

The Challenge of LoveWhere stories live. Discover now