Part (28) Uni/Zawgyi

8.1K 366 41
                                    

The Challenge of Love
Part (28)

ခိုင်မြဲ ညဘက် ဘောလုံးပွဲကြည့်ဖို့စောင့်နေရင်း ပျင်းပျင်းနဲ့ Facebook မှာ New Feed အားအပေါ်အောက်ဆွဲနေမိသည်။

New Feed အားထိုကဲ့သို့ပွတ်ဆွဲနေရင်း တွယ်တာ့သူငယ်ချင်းပန်းနု၏ မွေးနေ့ဆုတောင်း Status တစ်ခုကိုမြင်လိုက်ရသည်။

Birthday Wish ပေးထားတာက သူမရဲ့အစ်မဆုယွန်းယွန်းထက်ကိုဖြစ်၏။ ညီအစ်မ၂ယောက် ဘုရားပေါ်မှာအတူတူရိုက်ထားတဲ့ဓာတ်ပုံနှင့်အတူ တင်ပေးထားတာဖြစ်ကာ အဲ့ဒီပုံအောက်မှာလည်း ကိုယ့်ညီမတွယ်တာရဲ့ Happy Birthday ဆိုတဲ့ Cmt ကိုလည်းတွေ့ရသည်။

ခိုင်မြဲလည်း ပန်းနု Tag တွဲထားတဲ့ ဆုယွန်းရဲ့ အကောင့်ထဲသို့ဝင်ကြည့်လိုက်သည်။

ပန်းနုနဲ့ Facebook မှာ Friend ဖြစ်နေတာ ၃နှစ်လောက်အနည်းဆုံးရှိပြီဆိုပေမဲ့ သူ့အစ်မနဲ့တော့ Friend ဖြစ်ဖို့မပြောနဲ့ အပြင်မှာတောင်စကားထဲထည့်ပြောဖို့သတိမရတော့တာဖြစ်သည်။

ညနေကတွယ်တာကအရမ်းလှလာတယ်ဘာညာပြောတာနဲ့ အခုလိုမျိုးအကောင့်ထဲသို့ဝင်ကြည့်မိတာဖြစ်၏။

Follower က 50K တောင်ရှိတာဖြစ်တာမို့ Cele ပဲဟ ဟု အကောင့်ထဲရောက်ရောက်ချင်းနှုတ်ခမ်းမဲ့လိုက်မိသည်။

တင်တဲ့ပုံတွေကလည်းအားလုံးက မြန်မာဝတ်စုံဝမ်းဆက်နဲ့ရိုက်ထားတဲ့ပုံတွေချည်းပဲဖြစ်ကာ Like တွေကလည်း K နဲ့ချီပြီးရသည်။

တွယ်တာပြောသလိုတကယ်ကြီး ယဥ်ယဥ်ကလေးနဲ့လှတာပဲ ဟုစဥ်းစားမိရင်း တင်ထားတဲ့ Post တွေကို အောက်သို့ဆွဲရင်းဆွဲရင်းနဲ့ မနှစ်ကPostတွေအထိပါရောက်ကုန်သည်။

ခိုင်မြဲလည်း ကျောင်းရှေ့မှာရိုက်ထားတဲ့ဓာတ်ပုံကိုအကျယ်ချဲ့ကြည့်ဖို့နှိပ်လိုက်တာ Like ကိုချော်နှိပ်မိသွားသည်။

"မင်းမေဘ...စောက်ရှက်တော့ကွဲပါပြီကွာ...!"

ချက်ချင်းLike ကိုပြန်ဖြုတ်လိုက်ပေမဲ့ ဟိုဘက်မှာတော့ Noti ကသွားတက်မှာပဲ။

အချစ်ဦးအကောင့်ထဲ ဝင်မွှေမိပါတယ်ဟိုးအောက်က Post ကိုပါ လက်ချော်ပြီး Like ပေးလိုက်မိတဲ့ ကိုယ့်ကိုယ်ကိုယ် ရှက်လွန်းလို့ ရူးတော့မှာပဲ။

The Challenge of LoveWhere stories live. Discover now