Part (1) Uni/Zawgyi

12.3K 389 6
                                    

The Challenge of Love

Part (1)

30.June .2001

ကလင်....ကလင်.....ကလင်....ကလင်...

"မင်္ဂလာပါ ဆရာမ
ကျေးဇူးတင်ပါတယ် ဆရာမ"

ကျောင်းဆင်းခေါင်းလောင်းသံကြားတာနဲ့ ဆရာမအားနှုတ်ဆက်ပြီး ကျောပိုးအိတ်ကလေးကိုယ်စီနှင့် အတန်းထဲကနေပုကွကွနှင့်ပြေးထွက်လာကြသော ၁ တန်းကလေးပိစိကွေးကလေးများပင်ဖြစ်ကြသည်။

ကျောင်းအပေါက်ဝရှေ့မှာစောင့်နေကြသော အဖေတို့အမေတို့ရင်ခွင်ဆီသို့ကိုယ်စီကိုယ်စီပြေးဝင်သွားကြသည့်ကလေးများရှိသလို၊ လာမကြိုသေးလို့သစ်ပင်အရိပ်မှာငြိမ်ငြိမ်ထိုင်စောင့်နေကြသောကလေးများလည်းရှိသည်။

သေချာတာကတော့အဲ့သလိုငြိမ်ငြိမ်ကလေးထိုင်စောင့်နေသောကလေးများထဲ၌ မင်းထက်ခိုင်မြဲ၊ ရန်ကြီးအောင်နှင့်ထူးမြတ်လင်းဟူသည့် အတန်းပိုင်ဆရာမထိန်းလို့မနိုင်သောကလေး၃ယောက်မပါခဲ့ပါ။

ဒီကလေး၃ယောက်သည်ဆရာမကမျောက်မူးလဲဟုနာမည်ပေးရလောက်တဲ့အထိဆော့ကြသည်။ ကျောင်းဆင်းတိုင်းလည်း ကျောင်းကစားကွင်းက ဒန်း၊လျှော၊စီးဆော၊စသည်တို့အပေါ်၌ကစားနေကြမြဲဖြစ်၏။

ထို့ကြောင့်လည်းလာကြိုတဲ့မိဘ၊ Driver တို့က ကျောင်းအထဲထိဝင်ကြိုရလေ့ရှိသည်။ ကျောင်းသားမိဘများဝင်ခွင့်မရတဲ့အခါ၌ ကျောင်းရှေ့မှာဂျူတီကျသောဆရာ/ဆရာမများက လာခေါ်ပေးရသည်။

ရန်ကြီးအောင်နှင့်ထူးမြတ်လင်းက လွယ်လာသောကျောပိုးအိတ်များကိုမြေကြီးပေါ်သို့ပစ်ချပြီး စီးဆောပေါ်မှာတစ်ယောက်တစ်ဖက်စီဝင်ထိုင်လိုက်ကြသည်။

ဒီနေ့ငြိမ်နေတာကတော့ မင်းထက်ခိုင်မြဲ(ခေါ်)တရုတ်ကြီးဖြစ်၏။

"တရုတ်ကြီး လာလေကွာ"

ထူးမြတ်လင်းကလှမ်းခေါ်တာတောင် မင်းထက်ခိုင်မြဲကမလာဘဲဒန်းပေါ်မှာတစ်ယောက်တည်းထိုင်နေလေ၏ ။

"ထူးမြတ်လင်းဟိုမှာမင်းအမေလာကြိုပြီ"

ရန်ကြီးအောင်က ကျောင်းကစားကွင်းထဲဝင်လာသော ထူးမြတ်လင်းရဲ့အမေအားလှမ်းမြင်လိုက်ပြီးပြောလိုက်သည်။

The Challenge of LoveWhere stories live. Discover now