Part (27) Uni/Zawgyi

6.5K 304 16
                                    

The Challenge of Love
Part (27)

"ကိုကြီး ညနေမှသွားမှာလား နေ့ခင်းသွားရအောင်ပါ "

"ငါက နေ့ခင်းအားမှမအားတာ ရုံးသွားရမယ့်ကိစ္စကို "

"သမီးလည်းညနေအားမှမအားတာ Gym သွားရမယ့်ကိစ္စကို "

တွယ်တာသည် ခိုင်မြဲအခန်းထဲလိုက်လာပြီး ဒီနေ့အဘွားတို့အိမ်သွားလည်ဖို့ကိစ္စကိုနေ့ရွှေ့ညရွှေ့လုပ်နေသည်။

ခိုင်မြဲလည်းဆံပင်ကိုဂျယ်နဲ့သပ်နေရင်းသူ့အိပ်ယာပေါ်ထိုင်ပြီး သူပြောတာကိုလိုက်ရွဲ့နေတဲ့ညီမအားလှည့်ကြည့်လိုက်သည်။

"နင့် Gym က တစ်ရက်ပျက်လို့ဘာမှမဖြစ်ဘူး ငါ့ရုံးကပိုအရေးကြီးတယ်"

"အဲ့တာဆိုလည်းရုံးပိတ်ရက်မှနေ့လည်သွားကြမလား"

"တွယ်တာ နင်ဘယ်လိုဖြစ်နေတာလဲ မာမားကဒီနေ့သွားလို့ပြောထားတာ အဘွားအိမ်ကိုမလိုက်ချင်ဘူးလား Gym ကို ဘာလို့အဲ့ဒီလောက်အသည်းအသန်သွားချင်နေရတာလဲ "

"ရက်မပျက်ချင်လို့ပေါ့ ပြီးတာပဲ ဒီနေ့ပဲသွားမယ်ဆိုလည်း ရုံးကစောစောပြန်ခဲ့!"

တွယ်တာလည်း ခိုင်မြဲကိုပိတ်ရက်မှသွားဖို့ညှိလို့မရတာနဲ့ခြေစောင့်ပြီးခိုင်မြဲအခန်းထဲကနေထွက်သွားလေသည်။

ခိုင်မြဲနှင့်ပါပါးရုံးသွားတော့ အရင်လိုပဲတွယ်တာနဲ့မာမားပဲကျန်ရစ်သည်။ တွယ်တာလည်းဒီနေ့ထမင်းစားဖို့ကလွဲပြီးအောက်ဆင်းဖို့ဆန္ဒမရှိပါ။ဘာ့ကြောင့်ဆို မနေ့ကအိမ်ပြန်နောက်ကျတဲ့ကိစ္စနဲ့ပတ်သတ်ပြီး မာမားကသူနဲ့အကြည့်ချင်းဆုံတာနဲ့သေချာပေါက်ဆုံးမသြဝါဒခြွေဦးမည်ဖြစ်ပါသည်။

ခိုင်မြဲအားဒီညနေအဘွားဆီမသွားလိုတဲ့အဓိကအကြောင်းအရင်းဟာ ရန်ကြီးဟာဒီညနေGym မှာရှိနေမည်အတိအကျဖြစ်သောကြောင့်ဖြစ်သည်။

တွယ်တာ ကိုရန်ကြီးကိုတွေ့မှဖြစ်မည်။ တွယ်တာ့ဆီမလာရတဲ့အကြောင်းအရင်းကိုမျက်နှာချင်းဆိုင်တွေ့ပြီးမေးလိုက်ချင်သည်။

ဘယ်လိုအကြောင်းကြောင့်များတွယ်တာစောင့်နေမှာသိရဲ့သားနဲ့မလာခဲ့ရသလဲ။

The Challenge of LoveWhere stories live. Discover now