Part (24) Uni/Zawgyi

5.7K 308 11
                                    

The Challenge of Love
Part (24)

🎵မြန္ဒာ ရေညိုညို ရစ်ကာသန်းတော့ 🎵

🎵 ရွှေမန်းတောင်ရိပ် အတူတူခိုမယ် ပျိုဖြူတွေရယ်🎵

🎵မြန္ဒာ ရေညိုညို ရစ်ကာသန်းတော့ 🎵

🎵 ရွှေမန်းတောင်ရိပ် အတူတူခိုမယ် ပျိုဖြူတွေရယ်🎵

🎵 ပျော်ခင်းလေး သာဘာဘိတယ် 🎵

🎵နှစ်ကောင်းယူမယ် နှစ်ကူးသင်္ကြန်တော်မယ်🎵

မနက်၄နာရီ တွယ်တာတို့တစ်ဖွဲ့လုံး ဟိုတယ်ဝရန်တာမှနေ၍အလှပြကားများကိုထွက်ကြည့်ကြသည်။

ရောင်စုံမီးများတဝင်းဝင်းနှင့် ပိုစတာကြီးတွေ ပန်းချီတွေ အပြင်တွယ်တာတို့အခုမြင်နေရတဲ့အလှပြကားကြီးမှာ ငွေရောင်ငန်းရုပ်ကြီးသဖွယ်အလှဆင်ထားတာဖြစ်သည်။

အလှပြကားကြီးနဲ့အပေါ်မှာ မန်းတောင်ရိပ်ခိုသီချင်းဖြင့် တညီတညာတည်းကနေကြသော ဆင်တူဝမ်းဆက်ကလေးများနှင့် သင်္ကြန်အကမယ်ကလေးများကိုကြည့်ပြီး တွယ်တာတို့ပင်လိုက်ကချင်သယောင်အကပိုးတွေတက်ကြွလာရပါတော့သည်။

အလှပြကားတွေက တစ်ကားတည်းမဟုတ်ဘဲ ဆက်တိုက်ထွက်ကြတာဖြစ်သည်။ တွယ်တာတို့အတွက်ကိုကျော်ကြီးကBookingယူပေးခဲ့သည့်ဟိုတယ်ဟာလည်း မြို့လည်ခေါင်ကနာမည်ကြီးဟိုတယ်ကြီးမို့ အလှပြကားအားလုံးဟာဒီရှေ့ကပဲဖြတ်သွားကြတာဖြစ်သည်။

တွယ်တာက မနက်၄နာရီကြီးပန်းနုနဲ့လဝန်းကိုနှိုးတော့သူတို့၂ယောက်ကတွယ်တာ့ကိုငြိုငြင်ကြသည်။ အခုတော့လည်းသူတို့မဟုတ်သလိုပဲသဘောကျစွာလိုက်တောင်ကနေကြသေးသည်။

ဝရန်တာမှာ တွယ်တာတို့၃ယောက်ရယ်၊ ရန်ကြီးတို့၃ယောက်ရယ်အားလုံးပေါင်း၆ယောက်သာရှိပြီး သူတို့၃ယောက်ကတော့ငြိမ်ငြိမ်စိမ်စိမ်ကြည့်ကြပေမဲ့တွယ်တာတို့၃ ယောက်ကတော့ အလှပြကားပေါ်ကအကမယ်ကလေးများကဲ့သို့လိုက်ကနေကြတာဖြစ်သည်။

မနေ့ညကတည်းကမိုးသက်လေပြင်းကလေးတွေကိုတွယ်တာရောရန်ကြီးရောခံစားလိုက်မိရတာမို့မနက်ရောက်ရင်မိုးရွာမလားဟုတွေးပူနေမိသေးသည်။ အခုလည်းမိုးကခပ်ဖွဲဖွဲကလေးတော့ကျနေသည်။

The Challenge of LoveWhere stories live. Discover now