Part (25) Uni/Zawgyi

6.5K 308 21
                                    

The Challenge of Love
Part (25)

နှစ်ဆန်း ၁ ရက်နေ့

မနေ့ကတော့ တွယ်တာတို့မန္တလေးကနေထွက်လာခဲ့တာစောတာမို့ ရန်ကုန်သို့လည်းမနက်အစောကြီးရောက်သည်။

ရောက်ရောက်ချင်း အေးဆေးအိပ်ကြပြီး နေ့လည်နေ့ခင်းမှစတုဒီသာကျွေးဖို့ထွက်ခဲ့ကြရန်အားလုံးတိုင်ပင်ဆုံးဖြတ်ထားကြသည်။

မာမားနဲ့ပါပါးကမနက်ဖြန်မှပြန်လာမှာမို့လို့ ဒီနေ့တစ်ရက်လည်းလွတ်လပ်သေးသည်။ မနက်ဖြန်ကျရင်တော့မောင်နှမ၂ယောက်စလုံးတစ်ခုမဟုတ်တစ်ခုတော့အဆူခံရမှာပဲ။ မာမားကအဲ့ဒီလိုပဲလေ သူခရီးကပြန်ရောက်တိုင်းတွယ်တာတို့ကိုမျက်စိဒေါက်ထောက်ကြည့်ပြီးလိုက်ပြောတော့မှာ။ အရင်နှစ်တွေကတွယ်တာကမာမားတို့နဲ့ခရီးလိုက်သွားလို့ကိုကြီးတစ်ယောက်ပဲအဆူခံရပေမဲ့ဒီနှစ်တော့ တွယ်တာရောအဆူခံရပေလိမ့်မည်။

နှစ်ဆန်းတစ်ရက်နေ့ဆိုတော့ ဗုဒ္ဓဘာသာအယူဝါဒအရ ကုသိုလ်ကောင်းမှုပြု၍ ဘုရားသွားကျောင်းတက်လုပ်ကြသည့်နေ့ပဲဖြစ်သည်။

ကိုရန်ကြီးတို့ပြောတာကြားဖူးတာတော့သူတို့တောင်တစ်နှစ်တစ်လေ ဘုရားရောက်ကြသတဲ့။ ဒါပေမဲ့ဒီနှစ်တော့ရောက်မည်မထင်။
အားလုံးကအိမ်ပြန်ပြီး နားကြသည်။

နေ့လည် ၁နာရီအရောက် ပုံမှန်စတုဒီသာကျွေးနေကျ ထူးမြတ်လင်းရဲ့မိဘများနေအိမ်သို့အရောက်ခေါ်ထားသည်။

တွယ်တာတို့မောင်နှမကတစ်ကားတည်းအတူလာကြပြီး တွယ်တာတို့ရောက်တော့ ကိုငထူးနဲ့လဝန်းပဲရောက်သေးသည်။

ဒီတစ်ခါတော့ခိုင်မြဲနှင့်တွယ်တာ စောစောရောက်လာဖူးပြီ။ အမြဲတမ်းနောက်ကျတတ်တာမို့အခုမှပဲမျက်နှာပွင့်တော့သည်။

ဒီတစ်ခါတော့ထူးမြတ်လင်းတို့အိမ်က ကြာဇံဟင်းခါးတိုက်မှာဖြစ်ကာ ၂နာရီရောက်ရင်ကျွေးမည်ဟုကြေညာထားသောကြောင့် အိမ်ရှေ့မှာ ဒန်အိုးကြီးဖြင့်ကြာဇံဟင်းချက်နေကြပြီဖြစ်သည်။

ကြာဇံဟင်းကျွေးဖို့ခုံတွေကာနေရာပြင်ထားပြီးအဲ့ဒီဘေးမှာတော့ ကိုကြီးတို့၃ယောက်ကျွေးတဲ့မုန့်လုံးရေပေါ်လုပ်ဖို့ရန်ကိုငထူးတို့အိမ်မှအိမ်အကူကောင်မလေးတွေက ပြင်ဆင်နေကြ၏။

The Challenge of LoveWhere stories live. Discover now