Part (37) Uni/Zawgyi

9.1K 400 20
                                    

The Challenge of Love
Part (37)

•• ဟျောင့်တွေ ဒီတစ်ပတ်ဘယ်မှာတွေ့မလဲ••

ရန်ကြီး တွယ်တာနဲ့ Video call ပြောနေတုန်း Messenger group chat ကနေ မင်းထက်ခိုင်မြဲဆိုတဲ့နာမည်နဲ့ Message တစ်ခု Notification ဝင်လာသည်။

"ဘယ်သူ့ဆီကလဲ "

တွယ်တာသည် Video call ထဲကနေ Noti တက်တဲ့အသံကြားတော့မေးလိုက်သည်။

"တရုတ်ကြီးဆီက "

ရန်ကြီးက Message ကိုဝင်ကြည့်ရင်း ဖြေလိုက်၏။

"ကိုကြီးဆီကလား ဘာတဲ့လဲ "

"ဒီတစ်ပတ်ဘယ်မှာဆုံကြမလဲတဲ့"

"တွယ်တာတို့အိမ်မှာလို့ပြောလိုက် "

"အရင်တစ်ခေါက်ကနဲ့တင် မင်းကိုမင်းအိမ်မှာလာမတွေ့ရဲတာ"

"ဟင်တွယ်တာကဘာလုပ်လို့လဲ "

"ကိုကို့ကိုအသည်းယားဖို့ကောင်းအောင် အင်္ကျီထဲဝင်ပြီးနမ်းကြည့်တယ်လေ"

••မင်းတို့သဘော ငါကရတယ် ••

ရန်ကြီးက တွယ်တာ့အားပြန်ဖြေရင်းနဲ့ Group ထဲသို့ စာပို့သည်။

•• တရုတ်ကြီးအိမ်ကအဆင်ပြေပါတယ် ဟုတ်တယ်မလား @Yan Gyi Aung ••

မေနိုးလေးထူးမြတ်လင်းက ဘာအကြံနဲ့ရန်ကြီးအား Mention လဲဆိုတာ ရန်ကြီးသိပြီးသားမို့ စိတ်ထဲကနေဆဲလိုက်သည်။

•• ငါ့အိမ်ပဲလာချင်တာလား အဲ့တာဆိုလည်းသဘောပဲ ငါကရတယ်••

•• အေး မင်းအိမ်ပဲလာချင်တာ ဟုတ်တယ်မလား @Yan Gyi Aung ••

ထူးမြတ်လင်းဟာ Gp ထဲ Seen ပြနေပြီးသား ရန်ကြီးအကောင့်ကို တစ်ကြိမ်မကMentionခေါ်နေတာမို့ ရန်ကြီးလည်း ခပ်မြန်မြန်လေးReply လိုက်သည်။

•• ငိုးမ ီးမို့လို့ မင်းဖေကို ခဏခဏ Mention နေတာလား ••

ဆဲဆိုသော ရန်ကြီးဆီက Reply အား ၂ ယောက်စလုံးက Haha React ပေးလာကြသည်။

"ကိုကို့ရုပ်ကြီးက ဘာဖြစ်နေတာလဲ တွယ်တာနဲ့ V call ပြောရတာစိတ်မကြည်ဘူးလား "

"ဟာ...မဟုတ်ပါဘူး"

ရန်ကြီးတစ်ယောက် Gp chat ထဲကနေထွက်ပြီး ချစ်သူလေးမျက်နှာမြင်ရမယ့် V call Screen သို့အမြန်လာကြည့်လိုက်တော့သည်။

The Challenge of Love (OC)Where stories live. Discover now