Part (32) Uni/Zawgyi

8.6K 331 17
                                    

The Challenge of Love
Part (32)

"ငါသတင်းတစ်ခုရထားတယ် ရန်ကြီး "

ဂိမ်းကစားပြီးနောက် ၃ယောက်သား ဝိုင်းထိုင်နေကြရင်း စကားစမြည်များပြောကြသည်။ ထိုစဥ်ထူးမြတ်လင်းက အရေးတကြီးပြောစရာရှိတဲ့ပုံစံနဲ့ အစချီလိုက်လေသည်။

"ဘာလဲဟ ပြောလေ"

ခိုင်မြဲကတော့ မစောင့်နိုင်တော့တဲ့ပုံစံနဲ့ပြန်မေးလိုက်လေ၏။

"လီယမ်ချမ်းအနိုင်ရသွားတုန်းက မသမာဘူးဆိုငါသိတယ် အခုငါသိလာတာက အဲ့ဒီကောင်က ငါတို့ တွယ်တာကြောင့်ကျောင်းထဲမှာသွားထိုးခဲ့တဲ့ကောင်မှတ်မိလား"

"သိတယ် "

ရန်ကြီးသည် တွယ်တာ့အားကိုယ်ထိလက်ရောက်စော်ကားကျူးလွန်သောကောင်၏ မျက်နှာကိုတစ်သက်မမေ့ပါ။

"အဲ့ဒီကောင်နဲ့ညီအစ်ကိုဝမ်းကွဲတဲ့"

"မင်းကဘယ်လိုသိလာတာလဲ ငထူး"

ခိုင်မြဲကစိတ်ဝင်စားစွာထပ်မေးလိုက်ပါသည်။

"ငါအဲ့ဒီနေ့ကတည်းက အဲ့ဒီပွဲမှာ အဲ့ဒီကောင်ကိုမြင်လိုက်တာ ပြီးတော့ဒီအတောအတွင်းလည်း စုံစမ်းကြည့်နေတာ "

ရန်ကြီးကတော့ အဲ့ဒီပွဲအကြောင်းပြောလိုက်ကတည်းက ဒေါသထွက်နေတာမို့ငြိမ်နေပြီးထူးမြတ်လင်းပြောသမျှကိုပဲနားထောင်နေသည်။

"ဒီတိုင်းဆို အဲ့ဒီကောင်ကအငြှိုးနဲ့လုပ်နေတာပဲကွ ပြီးတော့ရိုးရိုးမဟုတ်ဘူး ဒိုင်တွေဘာတွေကိုပါဒီကောင်တွေကလာဘ်ထိုးထားပုံပဲ ရန်ကြီးမင်းတော့မလွယ်ဘူး ဟျောင့်"

"အေး ကြည့်ရတာ မင်းကိုသက်သက်မဲ့နာမည်ကျအောင်လုပ်ချင်နေတာထင်တယ်"

"ငါ နောက်တစ်ပွဲထိုးမှာ လီယမ်ချမ်းနဲ့"

ခိုင်မြဲရောထူးမြတ်လင်းရောကသူငယ်ချင်းအကြောင်းသိပြီးသားမို့ဒီကောင်ကအရှုံးတော့ခံမှာမဟုတ်နောက်တစ်ကြိမ်ပြန်ပြီးအနိုင်ယူမယ်ဆိုတာကြိုတွက်ပြီးသားဖြစ်၏။

"လိုတော့လိုပါသေးတယ်အေးဆေးပါ "

"ဒီပွဲကနိုင်ရင် ချန်ပီယံကိုထိုင်းအထိတက်ခိုင်းမှာ "

The Challenge of LoveWhere stories live. Discover now