Part (2) Uni/Zawgyi

8.8K 358 7
                                    

The Challenge of Love

Part (2)

4 တန်းကျောင်းသူ တွယ်တာ့အတွက်တော့ လွတ်လွတ်လပ်လပ်ကစားနိုင်တဲ့ စနေ ၊ တနင်္ဂနွေ ပျော်စရာကျောင်းပိတ်ရက်ကလေးဖြစ်ပေမဲ့ 10 တန်းကျောင်းသားကြီးများ ခိုင်မြဲတို့အတွက်တော့ ကျူရှင်ချိန်တွေပြည့်နှပ်နေတဲ့ မအားလပ်သော ကျောင်းပိတ်ရက်သာဖြစ်သည်။

10 တန်းအတွက်ကျူရှင်များကို ဆရာမအိမ်မှာ ရိုးရိုးClassမတက်ဘဲ ၈တန်းကတည်းက ကျူရှင်ဝိုင်းခဲ့ကြတဲ့ ငယ်ပေါင်းကြီးဖော်သူငယ်ချင်း၃ယောက်တည်းကို ခိုင်မြဲတို့အိမ်မှာသီးသန့်ကျူရှင်ဝိုင်းထားပေးသည်။

ကျောင်းတက်ချိန်နဲ့အိပ်ချိန်ကလွဲလို့ ရန်ကြီးအောင်နဲ့ထူးမြတ်လင်းလည်းခိုင်မြဲတို့အိမ်၌သာကျူရှင်များဖြင့်အချိန်ကုန်ရသည်။

"ဟိတ်....တွယ်တာ...အပေါ်ထပ်မသွားနဲ့လေ ကိုကြီးတို့စာကျက်နေကြတာ"

တွယ်တာက လက်ထဲမှာ အာလူးကြော်တစ်ထုပ်ကိုင်လျှက် အိပ်အပေါ်ထပ်သို့တက်ဖို့ကြံရွယ်တော့မေမေကဧည့်ခန်းမှာချည်ထိုးနေရင်းအပေါ်ထပ်မသွားရန်တားသည်။

"မာမားကလည်း ကိုကြီးတို့ဆရာမှမလာသေးတာ သမီးအရုပ်လေးသွားယူချင်လို့"

တွယ်တာသည် ၂တန်းပြီးကတည်းကခိုင်မြဲတို့အိုးမှုတ်ခွက်လို့လိုက်စတာနဲ့ဆံပင်ဂုတ်ဝဲကိုရှေ့တိညှပ်ပေးလို့မရတော့ပေ။ မာမားကိုယ်တိုင်တိပေးထားတဲ့ရှေ့ဆံပင်အချို့ကိုသူ့ဟာသူကလစ်ကလေး၂ဖက်နဲ့ခွဲတွယ်ထားလေ့ရှိသည်။

အပြာနုရောင်အပေါ်မှာစတော်ဘယ်ရီသီးရုပ်ပုံကလေးများပါသော အ​မွှေးပွအနွေးဝမ်းဆက်ကိုဝတ်ထားပြီး လေဖောင်းအာလူးကြော်ထုပ်ကိုလက်ကပိုက်ကာမာမားကိုနှုတ်ခမ်းဆူပြနေသည်။

တွယ်တာတို့မောင်နှမ၂ယောက်လုံးအတွက်အပေါ်ထပ်မှာကိုယ်ပိုင်အခန်းတွေထားရှိပေးပေမဲ့တွယ်တာကတော့နေ့တိုင်းလိုလို မိဘနဲ့ပဲလာအိပ်လေ့ရှိပြီး အပေါ်ထပ်ကသူမအခန်းထဲမှာအဝတ်အစားနှင့်အရုပ်များသာထားရှိသည်။

"ကဲ ကဲ သွားယူပြီးမြန်မြန်ဆင်းခဲ့ ကိုကြီးနဲ့ရန်ဖြစ်မနေနဲ့ဦး စာမေးပွဲနီးနေပြီသူတို့စာကျက်နေကြတာ"

The Challenge of LoveWhere stories live. Discover now