Part (19) Uni/Zawgyi

5.7K 304 6
                                    

The Challenge of Love

Part (19)

သင်္ကြန်ကျဖို့၂ရက်ပဲလိုတော့သည့်အလျောက် တွယ်တာလည်းပထမဆုံး ရေပက်ခံထွက်လည်ရမည်မို့ရင်ခုန်နေရသည်။ ပြီးတော့သဘောကျနေတဲ့အစ်ကိုကြီးနဲ့တစ်ကားတည်းအတူလည်ရမှာလေ။

အချိန်အားဖြင့် ည၉နာရီအချိန်ဖြစ်ကာ တွယ်တာအဖို့အိပ်ချိန်မကျသေးသဖြင့် လူငယ်ပီပီ Facebook မှာ New Feed ကို အပေါ်နဲ့အောက်ပွတ်နေသည်။

တန်ခူးလ၊ သင်္ကြန်နဲ့ပိတောက်ဆိုတာခွဲလို့မရသလို...တွယ်တာလည်း New Feed မှာ ပိတောက်ပန်းပုံတွေမြင်တာနဲ့ သဘောကျစွာShareလိုက်သည်။

အိမ်နားမှာလည်းပိတောက်ပင်ကမရှိ၊ အပြင်သွားတဲ့အခါကျလည်းပိတောက်ပန်းတွေမြင်ရင်တောင်ခူးဖို့သတိကမရတာနဲ့ ဒီနှစ်သင်္ကြန် ပိတောက်ပန်းကိုထိကိုမထိကြည့်ရသေးဘူး။

*
*
*

မနက်ဖြန်ဆိုရင် သင်္ကြန်အကြိုနေ့ကျပြီမို့ ဒီနေ့နောက်ဆုံးအနေနဲ့ သင်္ကြန်လည်ဖို့ကိစ္စအားတိုင်ပင်ရန် ခိုင်မြဲကအားလုံးကိုအိမ်ခေါ်ထားသည်။

ရန်ကြီးအောင်လည်း April တစ်လလုံး ပွဲလည်းမရှိ၊ သူလည်းနားထားတာမို့ ကျန်းမာရေးနဲ့Muscle များကျမသွားစေဖို့Gymကစားတာကလွဲရင်အခြားအလုပ်မရှိဘဲအားနေရသည်။

ထို့ကြောင့်ဒီနေ့ခေါ်ထားတဲ့ခိုင်မြဲဆီသို့သွားဖို့သာစိတ်အားထက်သန်စွာနာရီဝက်လောက် စောပြီး ကွန်ဒိုမှဆင်းလာခဲ့သည်။

Addidas တံဆိပ်နဲ့ချိုင်းပြတ်အင်္ကျီအနက်ရောင်အား ဘောင်းဘီရှော့ပန်ခဲရောင်နဲ့ဝတ်ထားလျှက် ကားသော့ကိုကိုင်ပြီး အဆောက်အဦးမှထွက်လာ၍ ကားပါကင်ထဲမသွားခင် အဆောက်အဦးရှေ့က ပိတောက်ပင်ကြီးမှာ ပိတောက်ပန်းများဝါထိန်နေအောင်ပွင့်နေတာကိုတွေ့ရသည်။

ရန်ကြီးလည်း သစ်ပင်အောက်မှာ ကလေးတွေက ဝါးလုံးကြီးတရမ်းရမ်းနဲ့ပိတောက်ပန်းတွေခူးနေတာကိုကြည့်ရင်း မနေ့ညက ပိတောက်ပန်းပုံတွေကို Facebook မှာ Share ထားတာကိုသတိရသွားသည်​။

"လှလိုက်တာ ဒီနှစ်ပိတောက်ပန်းတွေတဲ့ဝေးနေတာ ပန်ချင်လိုက်တာ"

The Challenge of LoveKde žijí příběhy. Začni objevovat