Part (3) Uni/Zawgyi

7.8K 285 12
                                    

The Challenge of Love

Part (3)

"ဓာတ်ပုံရိုက်မယ် ဓာတ်ပုံရိုက်မယ်"

မိန်းတက္ကသိုလ်ကြီးထဲမှာ ဘွဲ့ဝတ်စုံများနှင့်ဓာတ်ပုံရိုက်နေကြသောကျောင်းသားကျောင်းသူများအများအပြားရှိနေသည်။

ဟုတ်သည်။ဒီနေ့ဟာ ခိုင်မြဲတို့သူငယ်ချင်း ၃ယောက် ဘွဲ့ယူရသောနေ့ဖြစ်၏။

၁၀တန်းအောင်တုန်းက ထူးမြတ်လင်းကအမှတ်အကောင်းဆုံးဖြစ်ပြီး အမှတ်ပေါင်း ၄၀၀အတိနှင့်သင်္ချာဂုဏ်ထူးထွက်၏။ ခိုင်မြဲနှင့်ရန်ကြီးကတော့ ၄၀၀အနားကပ်တဲ့အမှတ်ပေါင်းမတိမ်းမယိမ်းဖြစ်သည်။

အိမ်ကမိဘတွေကတော့ စပယ်ရှယ်ကျူရှင်ဝိုင်းတွေနဲ့၃ယောက်တည်းအိမ်ခေါ်သင်၍ ဆရာဝန်တွေ အင်ဂျင်နီယာတွေမှန်းထားကြပေမဲ့ မောင်မင်းကြီးသား၃ယောက်ကတော့ ကျောင်းစာမှာအဲ့သလောက်မထူးချွန်ကြပေ။
ရိုးရိုးမေဂျာနှင့်သာကျေနပ်ခဲ့ကြရသည်။

ထူးမြတ်လင်းက GTI သော်လည်းကောင်း Law သော်လည်း မှီပါသော်လည်း သင်္ချာဂုဏ်ထူးရှင်ပီပီ သင်္ချာမေဂျာကိုသာရွေးချယ်လေသည်။

ခိုင်မြဲနဲ့ရန်ကြီးကတော့ သေချာပေါက်တစ်မေဂျာတည်းအတူတူကျမယ့်အမှတ်ပေါင်းဖြစ်ပါသည်။ ရန်ကြီးကခိုင်မြဲထက်၂မှတ်ပဲနည်းတာဖြစ်၏။

ထို့ကြောင့်၂ယောက်သားဘယ်မေဂျာရွေးကြမလဲဟု၁ပတ်လောက်သေချာတိုင်ပင်ခဲ့ကြသေးသည်။ ထူးမြတ်လင်းကChemistry သို့မဟုတ် Physics ကိုရွေးဖို့အကြံပေးပေမဲ့ ခိုင်မြဲနဲ့ရန်ကြီးက အတွက်သမားမဟုတ်။

"မေဘေး မင်းဖေငါတို့က Physics ဆိုတဲ့အသံကိုကြားတောင်ကြားချင်တာမဟုတ်ဘူး "

"ဓာတ်ငွေ့တွေဓာတ်ပြားတွေဓာတ်အိုးတွေဘာမှစိတ်မဝင်စားဘူးကွာ!"

စသဖြင့်အကြံပေးတဲ့လူကိုပါပြန်ဆဲခံခဲ့ရတာမို့ထူးမြတ်လင်းလည်း ဘာအကြံမှမပေးတော့ဘဲ သူ့ဟာသူသင်္ချာမေဂျာသို့ပဲဖောင်တင်လိုက်တာဖြစ်၏။

ခိုင်မြဲတို့အိမ်ကတော့ မေဂျာတွေစိတ်မဝင်စားရင်အပြင်ပုဂ္ဂလိဂတက္ကသိုလ်အချို့မှာ ဝါသနာပါတာကိုသင်ဖို့ပြောပေမဲ့ ရန်ကြီးရဲ့အိမ်ကတော့၁၀တန်းအောင်ရဲ့လားဟုတောင်မေးဖော်မရတာဖြစ်သည်။ ထို့ကြောင့်ရန်ကြီးကတော့ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်ပဲရွေးချယ်ရမည်ဖြစ်သည်။

The Challenge of LoveWhere stories live. Discover now