Part (34) Uni/Zawgyi

7.6K 390 14
                                    

The Challenge of Love
Part (34)

"ငါတို့ပြန်နှင့်ရမလား "

ထူးမြတ်လင်းက ​ခိုင်မြဲအနားသို့တိုးတိုးကလေးကပ်မေးသည်။ ခိုင်မြဲကိုကြည့်ရတာတော့ဝေခွဲမရဖြစ်နေပုံပေါ်၏။

"ပြန်နှင့်လိုက်မယ် ဆုယွန်းယွန်းထက်ကိုမင်းသေချာပေါက်လိုက်ပို့လိုက် ကြားလား!"

ထူးမြတ်လင်းသည် ခိုင်မြဲဆီကအဖြေမခင်ဘဲသူ့ဟာသူဆုံးဖြတ်၍ ဘေးကရန်ကြီးအားလက်တို့ပြီး

"ဟျောင့်...ပြန်ကြစို့ ... အားလုံး နောက်မှပြန်ဆုံကြမယ်နော် ဒီကောင့်Trainerကဇွတ်ဖုန်းဆက်နေတာဘာလို့လဲမသိဘူး အရင်ပြန်နှင့်မယ်"

ဟု ကျောင်းသားဟောင်းမိတ်ဆုံမှာကျန်ရှိနေတဲ့သူငယ်ချင်းအားလုံးကိုအလိမ်စကားသုံးပြီးကြည့်ကောင်းအောင်နှုတ်ဆက်လိုက်သည်။

ရန်ကြီးကတော့ Trainerကဖုန်းဆက်တယ်ဆိုလို့သူ့ဖုန်းသူပြန်ထုတ်ကြည့်နေသည်။ Missed Callဟူ၍ အရိပ်အယောင်တောင်မတွေ့တာကြောင့် ဒီကောင်ဘာတွေလျှောက်ပြောနေသလဲဟုမျက်မှောင်ကုပ်ကြည့်လိုက်၏။

"မော်နီတာ ကျေးဇူးပဲနော် ငါတို့ကိုအခုလိုမျိုး Gathering စီစဥ်ပေးတာ "

"ရပါတယ် နောက်နှစ်ကျတစ်ခေါက်ထပ်တွေ့ကြတာပေါ့ "

"ဟုတ်ပြီ...တရုတ်ကြီး ပြန်နှင့်မယ်နော် မင်းအားတယ်မလား နေခဲ့"

ခိုင်မြဲကဘာမှပြန်ပြောလိုက်ချိန်တောင်မရ ထူးမြတ်လင်းကနေခဲ့ဟု တစ်ချက်လွှတ်အမိန့်ချပြီး ရန်ကြီးအားဆွဲခေါ်ပြီး Restaurant ရဲ့ Pravite Room ကနေ ထွက်လာခဲ့သည်။

"ဟျောင့်...ဘာလို့ဟိုကောင့်ကိုတစ်ယောက်တည်းထားခဲ့တာတုန်း ငါ့လည်းဘာမှမပြောဘဲဇွတ်ခေါ်လာတယ်"

ရန်ကြီးက ကားပေါ်ရောက်မှ ကွန်ပလိန်းတက်သည်။

"မင်းကောင်ကို အရောက်ပို့မလို့ပေါ့ဟ မင်းကသူ့ညီမနဲ့ကျတွဲပြီးသူ့ကိုတော့ ရည်းစားရအောင်မကူညီချင်ဘူးလား"

"မဟုတ်ပါဘူး မင်းမေဘ မင်းကဘာမှမပြောဘဲတစ်ယောက်တည်းပြောချင်ရာပြောပြီးထွက်လာတာကို "

The Challenge of LoveWhere stories live. Discover now