Part (8) Uni/Zawgyi

6.2K 281 8
                                    

The Challenge of Love

Part (8)

"၃ဘာသာတောင်ပါတာဆိုတော့ University ကောင်းကောင်းရွေးလို့ရတယ်နော် မင်းဘာတက်မယ်စိတ်ကူးထားလဲ"

ကိုရန်ကြီးက ကားမောင်းရင်းတွယ်တာ့ကိုတစ်ချက်လှည့်မေးသည်။ တွယ်တာကတော့ ရန်ကြီးကိုပဲတစ်လမ်းလုံးငေးကြည့်လာတာမို့ထူးကဲပြီးလှည့်ကြည့်စရာမလို။

"အမှတ်စာရင်းမှမထွက်သေးတာ ကိုရန်ကြီးရဲ့ ကောင်းကောင်းရွေးလို့မရသေးပါဘူး"

"ငါမေးတာ မင်းဘာတက်ချင်တာလဲမေးတာ"

"သြော်...အဲ့တာလည်းစဥ်းစားလို့မရသေးဘူး ဘာတတ်ရမှန်းမသိဘူး"

"မင်းက ဘာကိုဝါသနာပါတာလဲ "

တွယ်တာက ကိုရန်ကြီးကိုချစ်ရတာဝါသနာပါတာ။

တွယ်တာစိတ်ကူးထဲကနေဖြေပြီးပြုံးလိုက်တော့ရန်ကြီးကတွယ်တာ့ကိုငဲ့ကြည့်ပြန်သည်။

"ဘာတွေပြုံးနေတာလဲ "

"ဟီး...ဘာမှမဟုတ်ပါဘူး တွယ်တာဝါသနာပါတာလည်းထူးပြီးရှိမနေဘူးထင်တယ် "

"မင်းငယ်ငယ်က Sky Net မှာ Dance Program တွေလာရင် လိုက်လိုက်ကတယ်နော် ငါကမင်းကိုအကဝါသနာပါတယ်ထင်နေတာ"

ကိုရန်ကြီးဟာ တွယ်တာတောင်သတိမထားမိတဲ့တွယ်တာ့ရဲ့ဝါသနာကိုတောင်သိနေသည်။

"ငါတို့ကိုတောင်တစ်ခါတစ်လေ ကပြသေးတယ် ငါတို့ကျူရှင်ဆင်းတဲ့အချိန်ဆို စာသင်ခန်းထဲလာလာပြီး Bluetooth Boxတစ်လုံးနဲ့လာလာကပြတာ"

"ဟာ....ကိုရန်ကြီးကဘာလို့အဲ့တာတွေမှတ်မိနေရတာလဲ ရှက်စရာကြီး အဲ့ဒီတုန်းကတွယ်တာမှ ၅နှစ်၆နှစ်ပဲရှိသေးတာကို"

ငယ်ငယ်ပိစိဘဝတုန်းကမဟုတ်က ဟုတ်ကတွေလျှောက်ကပြခဲ့တာကိုမှတ်မိနေတဲ့Crushနေသောအစ်ကိုကြီးကြောင့် တွယ်တာမျက်နှာလေးကိုလက်နှစ်ဖက်နဲ့အုပ်ပြီးရှက်နေရသည်။

"ဘာလို့အခုမှရှက်နေရတာလဲ အဲ့ဒီတုန်းကကျတော့ ငါတို့ကိုမကြည့်ချင်ဘူးဆိုတာတောင်အတင်းကပြတာနော် Jlo ရဲ့ On the Floor နဲ့ကပြတာလေ"

"ဟာ..နော်...သူများကရှက်ပါတယ်ဆို ဘာလို့မကုန်မှတ်မိနေတာလဲ"

The Challenge of LoveWhere stories live. Discover now