Part (15)Uni/Zawgyi

5.7K 295 6
                                    

The Challenge of Love

Part (15)

"ငထူး ဟျောင့် TV ပိတ်လိုက်ပါတော့ကွာ ဂိတ်မှူးတွေရှက်နေကြပြီ"

ခိုင်မြဲက TV ရှေ့ကဖြတ်လျှောက်လာတဲ့ထူးမြတ်လင်းအားခိုင်းလိုက်ပါသည်။ အရက်ခွက်လေးနဲ့ဒူးနန့်ထိုင်နေတာက ခိုင်မြဲဖြစ်ပြီး နောက်ကဆိုဖာခုံပေါ်မှာချွေးစေးများပြန်လျှက် ငြိမ်သက်စွာရှိနေတာကတော့ရန်ကြီးအောင်သာဖြစ်သည်။

ဟုတ်သည်။ဒီနေ့ညမန်ယူပွဲရှိတဲ့အတွက် မန်ယူဖန်ရန်ကြီးအောင်ရဲ့အိမ်မှာ သောက်ကြစားကြရင်း ဘောလုံးပွဲအတူကြည့်ကြသည်။

ပထမပိုင်းမှာတင် 4 - 0 ဖြစ်နေသောကြောင့် လစ်ပါပူးဖန် ခိုင်မြဲတို့က နွားပွဲစားကဲ့သို့သွား၃၂ ချောင်းလုံးပေါ်အောင်ဖြီးနေလေသည်။

ထူးမြတ်လင်းက အခြေအနေသိပ်မဟန်တဲ့ရန်ကြီးအားလှမ်းကြည့်ရင်း TV ခလုပ်ကိုလက်ရွယ်၍မေးလေသည်။

"ဟျောင့်ပိတ်လိုက်ရတော့မလား"

"ပိတ်လိုက်...ပိတ်လိုက်...ငထူး ဆိုက်ဂိတ်အသင်းလောက်ကတော့အေးဆေးပဲ မကြည့်လည်းနိုင်မှာသိတယ်"

အာစင်နယ်နဲ့ကန်ပြီးငထူးကိုရှုံးတုန်းကဒီရုပ်မဟုတ်။ ဒီနေ့မှဇွတ်အာချောင်နေတဲ့ခိုင်မြဲကိုရန်ကြီးမတည့်တော့ပေ။

"ငိုးမ ကြိုးကြာဖန်အေးဆေးနေ ဒုတိယပိုင်းကျန်သေးတယ် ဘာမှမပိတ်နဲ့ပွဲပြီးအောင်ကြည့်မှာ"

"မြင်လား ငထူး ကုလားကားတွေထဲကနှစ်ဘဝစာသစ္စာရှိတာလောက်ကတော့ မန်ယူဖန်တွေကပျင်းတောင်ပျင်းသေးတယ် ရှုံးမယ်ဆိုတာသိလည်းပွဲပြီးအောင်အားပေးရှာတာ အဲ့လိုကိုသစ္စာရှိတာ"

"ဒီကြိုးကြာကိုဘယ်တော့ကင်စားမိမယ်မသိဘူး ဟျောင့်မင်း စောက်ပါးစပ်ကြီးပိတ်ထားစမ်းကွာ"

ရန်ကြီးက သူ့ဘေးမှာရှိနေတဲ့စောနကအိုက်လို့ချွတ်ပစ်ထားသောသူ့ရဲ့စွပ်ကျယ်အင်္ကျီနဲ့ ရှေ့မှာထိုင်နေသောခိုင်မြဲအားပစ်ပေါက်လိုက်သည်။

"အေးပေါ့ ရှုံးမဲမဲတော့မှာဆိုတော့ ပိတ်ထားပေးပါ့မယ် ဟာ...ဟား"

The Challenge of LoveWhere stories live. Discover now