Part (20) Uni/Zawgyi

6.6K 296 23
                                    

The Challenge of Love
Part (20)

အကြိုနေ့မို့မနက်အစောကြီးကပဲ ပါပါးနဲ့မာမားတို့အဘိုးနဲ့အဘွားကိုခေါ်ပြီး ဘုရားဖူးခရီးကိုသွားကြပြီ။

အိမ်ကကြီးကြီးရွှေနဲ့Driver ဦးမောင်ကလည်းသင်္ကြန်တွင်းနားရက်ယူကာသူတို့ရွာသူတို့ပြန်ကြသည်။

အိမ်မှာကမောင်နှမ၂ယောက်တည်းကျန်ခဲ့တာမို့ပါပါးနဲ့မာမားကမှာသင့်တာမှာကြားထားခဲ့သေးတာကိုခရီးမသွားခင်နာရီဝက်လောက်နားထောင်လိုက်ရသေးသည်။

၁၀ နာရီလောက်ကို ကိုကြီးသူငယ်ချင်း ၂ယောက်နဲ့ တွယ်တာ့သူငယ်ချင်း၂ယောက်အားအိမ်ကိုခေါ်ထားတာမို့ တွယ်တာတို့မောင်နှမ၂ယောက်မနက်စာစားရင်းစောင့်နေကြသည်။

ပါပါးတို့ကမနက်၆နာရီထသွားကြတာမို့ တွယ်တာတို့တစ်ရေးပြန်အိပ်ကြသေး၏။၉ နာရီထိုးပြီးမှမောင်နှမ၂ယောက်လုံးပြန်ထပြီးရေခဲသေတ္တာထဲမှာအဆင်သင့်ဝယ်ထည့်ထားသည့်ပေါင်မုန့်ကို တွယ်တာကစတော်ဘယ်ရီယိုသုတ်စားပြီးခိုင်မြဲကထောပတ်သုတ်စားသည်။

*
*
*

ရန်ကြီးအောင်တစ်ယောက် ရင်ဘက်မှာ AC/DC Sticker တီရှပ်အဖြူရောင်ကို အနက်ရောင်ဘောင်းဘီရှော့ပန်နှင့်တွဲဖက်ဝတ်ပြီး Nike တံဆိပ်ရှူးဖိနပ်ကိုစီးကာ ကွန်ဒိုကနေထွက်လာသည်။

အဆောင်အဦးအတွင်းမှအထွက်ပိတောက်ပင်ကြီးအောက်မှာအကြိုနေ့ပဲရှိသေးတယ်စောစောစီးစီး ရေပြွတ်သေနတ်တွေနဲ့ပြေးလွှားရေဆော့နေသောမနေ့ကပန်းခူးခိုင်းတဲ့ကလေးတွေကိုတွေ့ရသည်။

ရန်ကြီးအောင် မနေ့ညက သူ့ကိုဖုန်းဆက်ပြီးမှာလာသောတွယ်တာ့စကားကိုပြန်ကြားကာရေပက်နေတဲ့ကလေးတွေကိုဘယ်လိုရှောင်ရမလဲဟုအကြံအိုက်ရတော့သည်။

သူ့ဟာသူဆိုလို့ကတော့ရေပြွတ်နဲ့ပက်ပက်၊ပုံးလိုက်လောင်းလောင်းကိစ္စမရှိပေမဲ့ အခုကတော့လုံးဝရေစိုလို့မဖြစ်။

အကြောင်းအရင်းကတော့ မနေ့ညက၁၀ နာရီလောက်မှ

"ကိုရန်ကြီးမနက်ဖြန်အိမ်ကိုလာရင် ရေမစိုလာခဲ့စေနဲ့နော် တွယ်တာအရင်ဆုံးရေလောင်းချင်တယ်"

The Challenge of LoveWhere stories live. Discover now