Part (22) Uni/Zawgyi

6.2K 295 16
                                    

The Challenge of Love
Part (22)

မိတ္ထီလာကိုကျော်လာပြီးနောက်ပိုင်း ၃ပုံတစ်ပုံပဲကျန်သောခရီးကိုတော့ အလှည့်ကျတဲ့ခိုင်မြဲကမောင်းလာသည်။ ခိုင်မြဲမောင်းလာတော့သူ့ဘေးမှာကထူးမြတ်လင်းထိုင်သည်။ မန္တလေးထဲဝင်တဲ့အထိမောင်းရမှာမို့ ဘေးမှာအကူအညီရအောင်ထူးမြတ်လင်းကပဲလာထိုင်ပေးသည်။

မန္တလေးမြို့ထဲသို့ ဝင်သော မနက်၄နာရီခွဲပြီဖြစ်သည်။ ကျော်ကြီးတို့ကတော့မြို့ဝင်ရင်ဘယ်နှနာရီနေနေဖုန်းဆက်၊ လာကြိုမယ်လို့ပြောပေမဲ့ မနက်၄ခွဲကြီးဝေလီဝေလင်းမို့အိပ်ရေးပျက်မှာအားနာတာနဲ့ဖုန်းမဆက်တော့ပေ။ မိုးလင်းမှပဲဖုန်းဆက်တော့မည်ဟုဆုံးဖြတ်ကာ ခိုင်မြဲကပဲ ကျော်ကြီးBooking လုပ်ပေးထားတဲ့ ဟိုတယ်သို့ GPS နဲ့ရောက်အောင်မောင်းလာခဲ့သည်။

မန္တလေးကိုအခုမှရောက်ဖူးတာမဟုတ်ဘဲ တက္ကသိုလ်ကျောင်းသားဘဝကလည်းရောက်ဖူးတာမို့ GPS အကူအညီနဲ့ဆိုရင်ရောက်အောင်တော့မောင်းနိုင်သည်။

ဟိုတယ်ရောက်တော့ တစ်ခန်းခြားတာမို့ပထမဆုံးတွေ့တဲ့အခန်းကို တွယ်တာတို့၃ယောက်အားပေးလိုက်ပြီး နောက်တစ်ခန်းကိုတော့ သူတို့၃ယောက်နေကြသည်။ ကားပေါ်မှာတစ်လမ်းလုံးအိပ်လာကြတာမို့ ဟိုတယ်ရောက်တော့အိပ်မပျော်ကြတော့ပေ။ မွေ့ယာကြီးပေါ်သက်တောင့်သက်သာနဲ့လှဲလိုက်သည်။

ဟိုဘက်အခန်းကကိုကြီးတို့တော့ဘာလုပ်နေကြလဲမသိပေမဲ့ တွယ်တာတို့ကတော့၁နာရီလောက်နားပြီးတာနဲ့ မန္တလေးသင်္ကြန်ကိုလည်ဖို့တိုင်ပင်နေကြသည်။

သူဘာဝတ်မယ်၊ငါဘာဝတ်မယ်နဲ့ အဝတ်အိတ်ဖွင့်ပြီးအဝတ်အစားရွေးနေကြ၏။

"ဘယ်ဟာက ပိုလှလဲဟင် ဟဲ့ကြည့်ပေးကြပါဦး"

ပန်းနုက အင်္ကျီတစ်ထည်လဲလာပြီးတွယ်တာတို့အရှေ့သို့လာရပ်ပြသည်။

"ဒီအဝါလေးနဲ့ပိုလိုက်တယ် အဲ့ဒီဘောင်းဘီက မနက်ဖြန်ရောက်မှခုနကဝတ်တဲ့အနီရောင်ဝတ်"

ခရော့တော့အဝါရောင်အကြပ်လေးကိုအပြဲတွေပါတဲ့ဂျင်းဘောင်းဘီအပြာရောင်နဲ့ဝတ်ထားသောပန်းနုကို တွယ်တာကကြည့်ပေးသည်။

The Challenge of LoveWhere stories live. Discover now