Part (4) Uni/Zawgyi

8.5K 284 6
                                    

The Challenge of Love

Part (4)

"တွယ်တာ စာမေးပွဲကဘယ်လောက်မှမလိုတော့ဘူးနော် ဒါကဘယ်လဲ ကျောင်းပိတ်ရက်စာလုပ်ရမယ်လေ"

၁၀တန်းကျောင်းသူ တွယ်တာလည်းအခုမှ ၁၀တန်းဆိုတာဘယ်လောက်ခက်ခဲဟု ကိုကြီးကိုကိုယ်ချင်းစာမိတော့သည်။

ငယ်ငယ်တုန်းကကိုကြီးတို့ကျူရှင်ချိန်တွေဆိုအမြဲသွားသွားရှုပ်ပြီး မာမားတို့ကိုပြန်ပြန်တိုင်ခဲ့မိတာ၊ အခုတော့ဘယ်သူမှတိုင်စရာမလိုဘဲ မာမားကတွယ်တာဘာလုပ်လုပ်၊ဘယ်သွားသွားစာကျက်ရမည်ဆိုတာနဲ့ပဲကိုင်ပေါက်နေတာ ၁၀တန်းနှစ်စကတည်းကပင်ဖြစ်သည်။

အခုလည်း တနင်္ဂနွေနေ့မို့ အိမ်မှာကျူရှင်ချိန်မရှိတုန်း ပန်းနုတို့လဝန်းတို့နှင့် Spicy သွားစားရင်း အပြင်ခဏထွက်ချင်သည်။ Spicy မစားရတာတော်တော်လေးလည်းကြာဖြစ်သောကြောင့် အရင်တစ်ပတ်ကတည်းက Spicy ခေါက်ဆွဲကိုတော့ပိုကီပူပူလေးနဲ့စားဖို့အရမ်းအာသီသရှိနေသည်။

"မာမားကလည်း ခဏလေးပါ မုန့်စားပြီးပြန်လာခဲ့ပါနော် နော်လို့ ပန်းနုတို့လည်းစောင့်နေမှာ "

"မုန့်ကိုအိမ်မှာ မှာစားလည်းရရဲ့သားနဲ့ ညည်းတို့ခါတိုင်းလည်းကျူရှင်ဆရာမကမလာခင်ဒီလိုပဲ ဒယ်လီဗာရီနဲ့ခဏခဏမှာစားနေတာပဲ "

"ဟင့်အင်း....အဲ့တာကအဲ့တာလေ မာမားကလည်းသမီးကိုအပြင်ထွက်ခွင့်လေးလည်းပေးပါဦး အပြင်မထွက်တာလည်းကြာလှပြီတော်ကြာရန်ကုန်မြို့ထဲတွယ်တာရတနာတစ်ယောက်လမ်းပျောက်နေဦးမယ် "

"အမလေး အပိုတွေ သွားချင်လည်းတစ်ယောက်တည်းမသွားနဲ့ အခုဘယ်နှနာရီလဲ ၂နာရီ.... ၃နာရီခွဲရင်ပြန်ခဲ့ရမယ် ခိုင်မြဲကိုလိုက်ပို့ခိုင်း"

မာမားကတစ်ချက်လွှတ်အမိန့်ချလိုက်ပေမဲ့ တွယ်တာကတော့ အိမ်ရှေ့ကနေ စလွယ်သိုင်းထားသောပိုက်ဆံအိတ်သေးသေးလေးကကြိုးကိုဆုပ်ကိုင်ပြီးခြေတစ်ဖက်စောင့်၍အတွန့်တင်ချင်သေးသည်။

"မာမားကလည်း Taxi နဲ့ပဲသွားချင်တာကို ကိုကြီးလိုက်ပို့ရင် သမီးကအလကားသပ်သပ်အပြောခံရဦးမယ်အရှုပ်ထုပ်မဆိုပြီး "

The Challenge of LoveWhere stories live. Discover now