Part (12) Uni/Zawgyi

5.9K 315 9
                                    

The Challenge of Love

Part (12)

"ငါတို့လည်းပြန်ကြစို့ အကြာကြီးနေလို့မကောင်းဘူး ဟိုခွေးသားလေးက ဘယ်တွေတိုင်တောနေမလဲမသိဘူး"

ထူးမြတ်လင်းသည်စောနကတော့ဝင်မဆွဲဘဲထိုင်ကြည့်နေပြီး အခုမှအမြန်ပြန်ကြရန်ဝင်ပြောလေသည်။

"အင်း...လဝန်းနဲ့ပန်းနုကိုငါအိမ်ပြန်လိုက်ပို့မယ် ရန်ကြီး မင်းအဲ့ဒီမောင်နှမ၂ယောက်ကိုပြန်ပို့လိုက်"

"အေး "

ရန်ကြီးက သူ့ရှေ့မှာရပ်နေတဲ့တွယ်တာ့ကိုပဲဆက်တိုက်ကြည့်ရင်း အေးတစ်လုံးပဲပြန်ဖြေ၏။

"ခဏနော် ရုံးကဖုန်းဆက်တာ"

တရုတ်ကြီးကဖုန်းလာနေတာနဲ့လမ်းကြားထဲကနေထွက်ပြီးဖုန်းသွားပြောသည်။

လဝန်းနဲ့ပန်းနုကတော့တွယ်တာ့အားပြန်တော့မည်ဖြစ်ကြောင်းနှုတ်ဆက်ပြီးထူးမြတ်လင်းနဲ့လိုက်သွားကြ၏။

"သွားစို့ "

ရန်ကြီးက တွယ်တာ့ပုခုံးကိုအသာလေးပုတ်လိုက်ပြီးကားရှိရာသို့ပြန်ကြရန်ပြောသည်။ တရုတ်ကြီးကလည်းဖုန်းပြောရင်းနဲ့နောက်ကနေလိုက်လာ၏။ ကားကတွယ်တာ့ကားဖြစ်ကာအခုမောင်းရမှာကရန်ကြီးဖြစ်သည်။

ရန်ကြီးကမောင်းသူနေရာမှာဝင်ထိုင်တော့တရုတ်ကြီးကဖုန်းချပြီးရန်ကြီးဘေးကနေထိုင်လိုက်သည်။တွယ်တာကတော့နောက်ခန်းကနေတစ်ယောက်တည်းလိုက်၏။

"ရန်ကြီး မင်းအားတယ်မလား ငါ့ကိုကုမ္ပဏီအရင်လိုက်ပို့ အစည်းအဝေးရှိတယ် ပြီးမှနောက်ကအရှုပ်ထုပ်မကိုလိုက်ပို့လိုက်"

ခိုင်မြဲကအရှုပ်ထုပ်မလို့ပြောလိုက်တော့တွယ်တာကနောက်ခန်းကနေခိုင်မြဲဆီသို့မျက်စောင်းထိုးလေသည်။

ရန်ကြီးကတော့ဘာမှမပြောဘဲ ခိုင်မြဲတို့ကုမ္ပဏီဘက်သို့ကားကိုဦးတည်၍မောင်းလေသည်။

"ဟဲ့...တွယ်တာ နင်နောက်တစ်ခါဆိုငါ့ကိုကိုယ်တိုင်ဖုန်းဆက် တစ်ခုခုဆိုရင်"

ခိုင်မြဲကသူ့ကိုဖုန်းမဆက်ဘဲထူးမြတ်လင်းကနေတစ်ဆင့်သိရတာမို့နောက်တစ်ခါကိုယ်တိုင်ဆက်ဖို့ပြောပေမဲ့တွယ်တာကတော့ငြိမ်နေသည်။

The Challenge of LoveWhere stories live. Discover now