Part (9) Uni/Zawgyi

9.9K 364 13
                                    

The Challenge of Love

Part (9)

"ဟဲ့ ကောင်မလေး ကောင်းကောင်းမောင်းသွားနော် ဒေါက်ဖိနပ်ကြီးနဲ့ရရဲ့လား"

မာမားသည် တွယ်တာရဲ့ ပထမဆုံးတက္ကသိုလ်သွားမယ့်နေ့မှာကားကိုယ်တိုင်မောင်းသွားစေဖို့စိတ်မချဘဲအိမ်ရှေ့အထိလိုက်မှာနေတာဖြစ်သည်။

"ရပါတယ်ဆိုမာမားကလည်း မာမားရဲ့ချစ်သားကြီးကိုယ်တိုင်သင်ပေးထားတာပဲစိတ်ချစမ်းပါတွယ်တာလိုင်စင်တောင်ရပြီးပြီကိုအေးဆေးကျွမ်းပြီးသား"

တွယ်တာကသူမလွယ်မယ့်ဂျင်းလွယ်အိတ်ကလေးကိုကားထဲသို့ပစ်ထည့်လိုက်ပြီး မာမားကိုစိတ်ချဖို့စကားကြွယ်နေသည်။

"တက္ကသိုလ်သွားတာလည်း စာသင်ဖို့နော် မိတ်ကပ်တွေကလည်းပြာနေတာပဲ အတော်ယွနေ"

မာမားက တွယ်တာ့ဆိုတကယ်ကြည့်မရဘူးထင်ပါရဲ့။တွယ်တာ့မှာဒီလိုကိုရီးယားဆန်တဲ့ Makeup Lookလေးရအောင်မနေ့ညကတစ်ညလုံး Tutorial ကြည့်ပြီးအစမ်းပြင်ကြည့်ထားရတာ။ အခန်းထဲတုန်းကမှန်ကြည့်ခဲ့တုန်းကတော့တွယ်တာလှတာသေချာသည်။အခုတော့မာမားက ပြာနေတာပဲဆိုတော့သိပ်ယုံကြည်မှုမရှိဖြစ်သွားသည်။

"မာမားကလည်း သူများလှနေတာကိုနော် တော်ပြီမာမားရှေ့မှာကြာကြာနေရင်သမီးလည်းရစရာရှိမှာမဟုတ်တော့ဘူးမြန်မြန်သွားတော့မယ်"

တွယ်တာ ကားထဲသို့မြန်မြန်ဝင်ပြီးခြံထဲကနေမောင်းထွက်လာခဲ့ပါသည်။

ကားမောင်းရင်းမှ နောက်ကြည့်မှန်ကနေတစ်ဆင့်မြင်ရသောသူမဆွဲထားတဲ့Eyeliner ပါးပါးကလေးကသူမမျက်လုံးဝိုင်းဝိုင်းကလေးနဲ့လိုက်ဖက်နေသည်။ မာမားပြောသလောက်လည်းတွယ်တာမိတ်ကပ်အထူကြီးလိမ်းမထားပါ။ အစကတည်းကအသားဖြူပြီးသားမို့တကယ်ပါးဆိုမှပါးပါးကလေးပဲလိမ်းထားတာ။ နှုတ်ခမ်းနီလည်းပန်းနုရောင်ပါးပါးလေးပဲဆိုးထားတာ။ ဒါကိုမာမားကလိုက်ဝေဖန်နေတာ။

သူမအားမိတ်ကပ်တွေပြာနေတယ်ပြောတာကိုမကျေနပ်ကာတစ်လမ်းလုံးကိုယ့်ကိုယ်ကိုယ်ဘယ်လောက်လှတဲ့အကြောင်းစဥ်းစားပြီးမောင်းလာခဲ့တာဖြစ်သည်။

The Challenge of Love (OC)Where stories live. Discover now